စာချုပ်သစ်အတွက်လာမယ့်ရက်ပိုင်းအတွင်း ပဲလေ့စ်အသင်းက အတည်ပြုဖို့ရှိနေတာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ နည်းပြရွိုင်ဟော့ဆန်ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေခဲ့တာလည်း  ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ရွိုင်းဟော့ဆန်အနေနဲ့ လက်ရှိရာသီမှာ ခရစ္စတယ်ပဲလေ့စ်အ သင်းအတွက် ရလဒ်ကောင်းအချို့ရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခြင်းနဲ့အတူ စာချုပ်သက်တမ်းတိုး ဖို့ ကမ်းလှမ်းခံရတဲ့အတွက် ပရီးမီးယားလိဂ်ရဲ့ အသက်အကြီးဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်တော့ မှာဖြ စ်တယ်လို့ TheSun က ဖော်ပြလာပါတယ်။

ရာသီအစတွင် ရာထူးကနေ စောစီးစွာထုတ်ပယ်ခံရနိုင်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းန ည်းပြဆိုးလ်ရှားနဲ့အတူ ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ရွိုင်းဟော့ဆန်ဟာ လက်ရှိမှာခရစ္စတယ်ပဲလေ့စ်အ သ င်းကို အမှတ်ပေးဇယားအဆင့်-၆ နေရာမှာ ရပ်တည်နိုင်အောင်အထိ စွမ်းဆောင်ပေးထားနိုင်ခဲ့ တာ ပါ။



ပြီးခဲ့တဲ့ ၂၀၁ရခုနှစ်တွင် နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ ဒီဘိုးလ်ဝါးရဲ့နေရာမှာ အစားထိုးခန့်အပ်ခံ ခဲ့ရတဲ့ နည်းပြရွိုင်းဟော့ဆန်အနေနဲ့ ၂နှစ်သက်တမ်းစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာအသင်းကသ က်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေခဲ့တဲ့အတွက် အခုလိုမှတ်တမ်းဝင်နည်းပြတစ်ဦးဖြစ်လာဖို့ရှိ နေ တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၇၂နှစ်ရှိပြီဖြစ်တဲ့ နည်းပြရွိုင်းဟော့ဆန်အနေနဲ့ အသက်အကြီးဆုံးပရီးမီးယားလိဂ် နည်းပြတွေအဖြစ် မှတ်တမ်းတင်ထားတဲ့ နယူးကာဆယ်နည်းပြဟောင်းဆာဘော်ဘီရော့ဘ်ဆင်၊ မန် ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်တို့ရဲ့ စံချိန်ကိုလိုက်မီထားပြီလည်းဖြစ် ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဥက္ကဋ္ဌစတိဗ်ပါရစ်ချ်ကိုယ်တိုင်က နည်းပြရွိုင်းဟော့ဆန်ကို နည်းပြအဖြစ်ဆ က်ရှိနေဖို့အလိုရှိနေတာဖြစ်ပြီး အခုနှစ်မကုန်မီအတွင်း သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုဖို့အတွက်ကမ်း လှမ်းဖို့ရှိနေခဲ့တာပါ။

Share

က္က