ကယ်လီဖိုးနီးယားမှာ တရားစွဲထားတာပါ

Facebook ဟာ ကုမ္ပဏီရဲ့ သုံးစွဲသူအချက်အလက်များကို ဈေးကွက်ဖြန့်ဖြူးရေး ရည်ရွယ်ချက်အတွက် အသုံးပြုတဲ့ တောင်ကိုရီးယားကုမ္ပဏီတစ်ခုကို ပြီးခဲ့တဲ့ သောကြာနေ့က တရားစွဲခဲ့ပါတယ်။

Photo: pexels



         Facebook ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက် သောကြာနေ့က Rankwave အချက်အလက်ခွဲခြားလေ့လာရေးကုမ္ပဏီကို ကယ်လီဖိုးနီးယားမှာ ရှိတဲ့ San Mateo County တရားရုံးမှာ တရားစွဲထားတာ ဖြစ်တယ်လို့CNET မှာ ဖော်ပြထားပါတယ်။ Rankwave ဟာ Facebook နဲ့သဘောတူထားတဲ့ မူဝါဒနဲ့စီးပွားရေးလုပ်ရာမှာ တရားမမျှတမှု ၊ ဥပဒေနဲ့မညီဖောက်ဖျက်မှုကို တားမြစ်တဲ့ ကယ်လီဖိုးနီးယားဥပဒေကို ချိုးဖော်ကထားတယ်လို့ဆိုပါတယ်။

         ၂၀၁၀ ခုနှစ်ကစပြီး Rankwave ဟာ Facebook ပလက်ဖောင်းပေါ်မှာ အနည်းဆုံး app ပေါင်း ၃၀ ကျော် လုပ်ဆောင်ထားပြီး ဒီ app နဲ့ဆက်စပ်နေတဲ့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ကြော်ငြာနဲ့ဈေးကွက်ရှာဖွေရေး tools တွေကို ပြန်ရောင်းခဲ့တာလို့Facebook က စွပ်စွဲထားပါတယ်။ ဒါဟာ Facebook ရဲ့ အချက်အလက်မူဝါဒကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း ဆိုပါတယ်။

         Facebook ဟာ ၂၀၁၈ ဇွန်လထဲမှာ Rankwave ကို စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ပြီး Facebook pages က အချက်အလက်တွေကို သုံးရာမှာ စည်းကမ်းဖောက်ဖျက်ခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

Photo: eSpecial Design

         " ကြော်ငြာနဲ့ဈေးကွက်ဝန်ဆောင်မှုတွေနဲ့ဆက်စပ်ပြီး Rankwave ရဲ့ အချက်အလက်မူဝါဒတွေကို Facebook ဟာ စုံစမ်းခဲ့ပါတယ်။ Rankwave ဟာ ကျွန်တော်တို့မူဝါဒနဲ့ ကိုက်ညီမှုရှိအောင် လက်တွဲလုပ်ဆောင်ဖို့ပျက်ကွက်ခဲ့ပါတယ်။" လို့Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

         ဒီတရားစွဲမှုမှာ ပါတဲ့ Facebook ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မှု မလုပ်ကြောင်း Rankwave က ငြင်းဆန်ထားခဲ့ပြီး Facebook အနေနဲ့တရားစွဲဖို့လုံလောက်တဲ့ သက်သေမပြနိုင်ခဲ့ဘူးလို့ပြောထားပါတယ်။ Rankwave ဟာ စီးပွားရေးလုပ်ငန်းများနဲ့ဖောက်သည်များ သုံးဖို့အတွက် app အမျိုးမျိုး လုပ်ဆောင်ထားပြီး Rankwave app ကို တောင်ကိုရီးယား လက်လီအရောင်းစတိုးတစ်ခု ၊ ခရီးသွားအဖွဲ့အစည်းနဲ့ဘေ့စ်ဘောအဖွဲ့တစ်ခုတို့သုံးနေတာပါ။

      

Share

Loading Next Article...
က္က