လူ ၅၇ သန်းရဲ့ အချက်အလက်များ ပါသွားခဲ့တာပါ

၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Uber အကောင့်နဲ့အချက်အလက်များ အခိုးခံရမှုဟာ အခုတော့ ဒေါ်လာ သန်းရာချီ ဒဏ်ငွေဆောင်ရမယ့် အဖြစ်ကို ရောက်လာခဲ့ပါတယ်။

Photo: The Economic Times

 

Uber ယာဉ်မောင်းနဲ့ခရီးသည်ပေါင်း ၅၇ သန်းရဲ့ ကိုယ်ရေးအချက်အလက်များကို ဟက်ကာများ ရယူသွားခဲ့တဲ့ သတင်းကို ပြီးခဲ့တဲ့နှစ်ကမှ ထုတ်ပြန်ခဲ့တာပါ။ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီအမှုမှာ Uber ဟာ ကုမ္ပဏီရဲ့ အချက်အလက်တွေ ယူသွားတဲ့ ဟက်ကာများကို ဒေါ်လာ ၁ သိန်းပေးပြီး နှုတ်ပိတ်ခဲ့တယ်လို့ဆိုပါတယ်။

တစ်နှစ်ကျော်ကြာ ဖုံးကွယ်ထားတဲ့ ဒီအဖြစ်ကို ကုမ္ပဏီရဲ့ CEO သစ် ဒါရာ ခိုစရော့စဟီလက်ထက်မှာ အကြောင်းစုံ သတင်းထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်မှာတော့ Uber ဟာ ဒီအမှုကို သတင်းပို့တိုင်ကြားခြင်း မလုပ်ခဲ့ဘဲ ဟက်ကာများကို ဒေါ်လာ ၁ သိန်းပေးပြီး အခိုးခံရတဲ့ အချက်အလက်များကို အဖျက်ခိုင်းကာ ဒေတာပေါက်ကြားမှုကို ပိတ်ပင်ထားခဲ့တာပါ။

အစောပိုင်းက Uber ဟာ အချက်အလက် ခိုးယူမှုကို ဘယ်သူလုပ်ဆောင်တယ် ၊ ဘယ်လောက်ပေးခဲ့ရတယ်ဆိုတဲ့ အကြောင်း အသေးစိတ် မပြောကြားခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဖလော်ရီဒါမှ အသက် ၂၀ အရွယ် ဟက်ကာတစ်ဦးမှ ဒီအမှုကို ဦးဆောင်ခဲ့တယ်လို့သတင်းထွက်လာခဲ့ပါတယ်။

ဒီဟက်ကာကို ငွေပေးပြီးနောက် Uber ဟာ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်ပိုင်း ချို့ယွင်းချက်ကို အဖြေရှာဖို့HackerOne ဆိုတဲ့ bug bounty service ကို အပ်ခဲ့ပါတယ်။ HackerOne ဟာ ကုမ္ပဏီတွေနဲ့ဆိုက်ဘာလုံခြုံရေးသုတေသီများ ချိတ်ဆက်ပေးတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ငွေပေးရာမှာလည်း bug ရှာပြီး ဆုပေးတဲ့ ပရိုဂရမ်အနေနဲ့ပေးခဲ့တယ်လို့ဆိုပါတယ်။

ဟက်ကာတွေဟာ အမေရိကန်တစ်ခွင်က Uber ယာဉ်မောင်း ၆ သိန်းဝန်းကျင်ရဲ့ နာမည်နဲ့လိုင်စင်နံပါတ်များ ၊ ကိုယ်ရေး အချက်အလက်များ ခိုးခဲ့သလို ၊ ခရီးသည်တွေရဲ့ နာမည် ၊ အီးမေလ်း လိပ်စာ နဲ့ဖုန်းနံပါတ်တွေ ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို အမေရိကန် ပြည်နယ် ၅၀ လုံးနဲ့ဝါရှင်တန် ဒီစီကပါ တရားစွဲခဲ့တာပါ။

ဒေါ်လာ ၁၄၈ သန်း ဒဏ်တပ်ရာမှာ ပြည်နယ်အလိုက် ယာဉ်မောင်းနဲ့ခရီးသည် အချက်အလက် ပေါက်ကြားမှုပေါ် ကြည့်ပြီး ဒဏ်တပ်တာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာတော့ Uber ယာဉ်မောင်း ၁၇၄၀၀၀ ရဲ့ အချက်အလက် ပေါက်ကြားမှုအတွက် ဒေါ်လာ ၂၆ သန်း ဒဏ်တပ်ခဲ့တာ ဖြစ်ပြီး တစ်ခြားပြည်နယ်တွေကလည်း ကိုယ်ပိုင်မူနဲ့ဒဏ်ကြေး သတ်မှတ်ခဲ့တာပါ။

Photo: NDTV.com

 

Uber ဟာ စကာၤပူ ပြိုင်ဆိုင်မှုနဲ့စားသုံးသူ ကော်မရှင် CCCS မှ ဈေးကွက်ပြိုင်ဆိုင်မှုဥပဒေအရ စကာၤပူဒေါ်လာ ၆.၅၈ သန်း ဒဏ်တပ်ခံထားရပါတယ်။

Share

Loading Next Article...
က္က