ဒေါ်လာ ၁၄၀၀ ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်

Samsung ရဲ့ ဒေါင်လိုက်ခေါက်သိမ်းနိုင်မယ့် ဒုတိယမြောက် Foldable ဖုန်းအကြောင်း အချက်အလက် အပြည့်အစုံနီးပါး သိလာရပြီ ဖြစ်ပါတယ်။

ဂျာမန်ဝက်ဘ်ဆိုက် WinFuture ကနေ ပေါက်ကြားလာတဲ့ Galaxy Z Flip အကြောင်း သရုပ်ဖော်ပုံ renders တွေမှာ ဒီဖုန်းကို ခရမ်းရောင်နဲ့ အနက်နှစ်မျိုးနဲ့ ပြထားပါတယ်။ အရင်ဗားရှင်း Galaxy Fold နဲ့ လုံးဝကွဲပြားတဲ့ ဒီဇိုင်းဖြစ်ပြီး ခေါက်သိမ်းရာမှာလည်း ကမာခွံတစ်ခုလို အပေါ်အောက် ဒေါင်လိုက် ခေါက်ရတဲ့ ဒီဇိုင်း သုံးထားပါတယ်။




Photo: arstechnica

Galaxy Z Flip ဟာ မျက်နှာပြင် ၆.၇ လက်မ OLED display ပါရှိပြီး အကြမ်းခံမှုနဲ့ အစင်းခြစ်ဒဏ်ခံနိုင်မှု ပိုမြင့်တဲ့ Ultra Thin Glass နည်းပညာ သုံးလာမယ်လို့ ဆိုပါတယ်။ အရင် Galaxy Fold မှာတုန်းက ပလတ်စတစ် display ကို သုံးခဲ့တာ ဖြစ်ပြီး မှန်ပြင်တွန့်ခေါက်သွားတဲ့ ပြဿနာ ကြုံခဲ့ပါတယ်။

ကိုယ်ထည် ချိုးဖွဲ့မှုကို 22:9 aspect ratio နဲ့ လာပြီး screen အပေါ်ဘက် အလယ်မှာ ဆယ်လ်ဖီအတွက် punch-hole ကင်မရာတစ်ခု ပါရှိမှာပါ။ အပြင်မှာလည်း ၁.၀၆ လက်မအရွယ် OLED panel အရန် display တစ်ခု ပါရှိပါတယ်။ ဒီ secondary display ဟာ နာရီနဲ့ တစ်ခြား noti အချက်အလက်တွေကို ဖော်ပြပေးနေမှာပါ။

Galaxy Z Flip ရဲ့ အတွင်းပိုင်း spces တွေကတော့ အရင်နှစ်ကုန်ပိုင်းက high-end processor ဖြစ်တဲ့ Snapdragon 855+ SoC နဲ့ လာမှာ ဖြစ်ပြီး RAM 8GB/256GB storage သုံးမယ်လို့ သတင်းထွက်ထားပါတယ်။ Galaxy S20 စီးရီးမှာ ပိုပြီး latest ဖြစ်တဲ့ Snapdragon 865 processor သုံးသွားဖို့ ရှိပါတယ်။

နားကြပ်ပေါက်မပါတော့ဘဲ USB C port ကနေပဲ ဖုန်းအားသွင်းတာနဲ့ သီချင်းနားထောင်တာ လုပ်ဆောင်နိုင်မှာပါ။ microSD card နဲ့ 3.5mm headphone jack တွေ မပါတော့ပါဘူး။ နောက်တစ်ခုက Galaxy Z Flip ဟာ 4G LTE ပဲ ပံ့ပိုးပေးထားပြီး 5G ကွန်ရက် ချိတ်ဆက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Photo: xda-developers


Galaxy Z Flip မှာ စုစုပေါင်း ကင်မရာ ၃ လုံးပဲ သုံးဖို့ ရှိပါတယ်။ အတွင်းဘက်မှာ ဆယ်လ်ဖီအတွက် 10MP ကင်မရာ ၊ အပြင်ဘက်မှာ 12MP main lens နဲ့ 12MP ultra-wide lens ဆိုပြီး dual camera သုံးသွားမှာပါ။ OS ပိုင်းမှာ Samsung One UI 2.0 သစ်နဲ့ Android 10 သုံးထားဖို့ ရှိပြီး ဒေါ်လာ ၁၄၀၀ ( မြန်မာငွေ သိန်း ၂၀ ကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မိတ်ဆက်မယ့်ရက်ကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဖြစ်ပြီး အဲဒီနေ့မှာပဲ Galaxy S20 lineup လည်း ထွက်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က