Google apps နဲ့services တွေ ပါမလာတော့တဲ့ Huawei Mate 30 ဖုန်းသစ်တွေကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။
လက်ရှိ အွန်လိုင်းပေါ် ပေါက်ကြားလာတဲ့ Huawei Mate 30 promo ဓါတ်ပုံ ၄ ခုအရတော့ Huawei ဟာ လာမယ့် စက်တင်ဘာ ၁၉ ဖုန်းသစ်မိတ်ဆက်ပွဲအတွင်း Huawei Mate 30 ၊ Huawei Mate 30 Pro နဲ့Mate 30 Lite နဲ့အတူ Porsche Design edition သစ်ပါ ကြေညာသွားဖို့ရှိပါတယ်။
Huawei Mate 30 Pro ( Photo: Android Authority)
နာမည်ကျော် စမတ်ဖုန်း သတင်းသမားဖြစ်တဲ့ Evan Blass ရဲ့ tweet မှာ ဖော်ပြချက်အရ Huawei Mate 30 Pro ဟာ အကြီးစား notch ကို ဆက်သုံးထားပြီး Vivo NEX 3 ဖုန်းသစ်လိုမျိုး WaterFall Screen ဘောင်ကွေး ဒီဇိုင်းကို သုံးသွားမယ်လို့ဆိုပါတယ်။
ကျောဘက်မှာ စက်ဝိုင်းပုံ ကင်မရာ cutout တစ်ခု ထွင်းထားပြီး Leica တံဆိပ်တပ် ကင်မရာ sensor ၄ ခု ပါရှိမှာပါ။ သတင်းတွေအရ Huawei Mate 30 Pro ဟာ ကျောဘက်မှာ 40MP ကင်မရာနှစ်လုံး ၊ 8MP နဲ့ToF sensor တစ်ခုစီတို့ပါဝင်မယ်လို့ဆိုပါတယ်။
Huawei Mate 30 ( Photo: pressfrom)
Huawei Mate 30 ရိုးရိုးမော်ဒယ်ဟာ Face Unlock အတွက် sensor သုံးတာ နည်းတာကြောင့် Pro ဗားရှင်းထက် စာရင် notch ဟာ ပိုငယ်ဖို့ရှိတယ်လို့MSPowerUser ဝက်ဘ်ဆိုက်က ခန့်မှန်းပါတယ်။ Huawei Mate 30 ရော Mate 30 Pro ပါ 5G modem တစ်ခါတည်း ပါလာတဲ့ Kirin 990 chipset သစ် သုံးသွားဖို့ရှိပြီး Mate 30 ပုံမှာတောင် 5G signal ပြနေတာကြောင့် 5G ဖုန်းဖြစ်ဖို့သေချာသလောက် ရှိပါတယ်။
Huawei Mate 30 Lite (Photo: The Verge)
Mate 30 lineup မှာ ဈေးအနည်းဆုံးနဲ့ဒီဇိုင်းအကွဲပြားဆုံးက Huawei Mate 30 Lite ပါ။ ရှေ့display မှာ ကင်မရာပေါက်နဲ့လာပြီး ကျောဘက်မှာ စတုရန်းကွက် ကင်မရာ ဒီဇိုင်း နဲ့လက်ဗွေ sensor တို့ပါဝင်ပါတယ်။ ဒီဖုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကြေညာသွားခဲ့တဲ့ Kirin 810 processor သုံး Nova 5i Pro နဲ့ဆင်မယ်လို့လည်း Evan Blass က ဆိုပါတယ်။
နှစ်တိုင်းလိုလို မြင်လာရတဲ့ Porsche Design ကိုတော့ ကျောဘက်မှာ လယ်သာသားရေ အုပ်ထားပြီး အနက်နဲ့အနီ နှစ်ရောင်စပ်ကာလာနဲ့ကြေညာဖို့ရှိပါတယ်။ ဒီဖုန်းတွေရဲ့ ဈေးနှုန်းနဲ့တစ်ခြား အချက်အလက်တွေကို ကြားဖို့အတွက်ကတော့ ဒီတစ်ပတ် ကြာသာပတေးနေ့မြူးနစ်မှာ မိတ်ဆက်မယ့် စက်တင်ဘာ ၁၉ ရက်နေ့အထိ စောင့်ရဦးမှာပါ။
Huawei Mate 30 Pro Porsche Design ( Photo: androidauthority)
Google support မပါတာကြောင့် Android စနစ်သုံး ဖုန်းဖြစ်ပေမယ့် Google Play Store ၊ Gmail စတဲ့ Google ဝန်ဆောင်မှုနဲ့အက်ပလီကေးရှင်းတွေ Huawei Mate 30/ Mate 30 Pro တို့မှာ မြင်ရမှာတော့ မဟုတ်ပါဘူး။ Huawei ကုမ္ပဏီအနေနဲ့Mate 30 ဖုန်းကိုင်မယ့်သူတွေဟာ Android Open Source Project ပေါ်က Google apps တွေ install သွင်းနိုင်မယ့်နည်းလမ်း ရှာနေတယ်လို့ဆိုပါတယ်။