သရုပ်ဆောင်ဦးချစ်ပြုံးကွယ်လွန်သွားတာ ၁နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသားကို မပြုစုရတော့တဲ့အတွက် လွမ်းဆွတ်မိတဲ့ အကြောင်းနဲ့ အကောင်အထည် မဖော်လိုက်ရတဲ့ ခင်ပွန်းရဲ့ စိတ်ကူးအကြောင်းကို ဝါရင့်သရုပ်ဆောင် ဂွမ်ပုံကြီးက အခုလိုပြောပါတယ်။ သရုပ်ဆောင် ဂွမ်းပုံကြီးရဲ့ ခင်ပွန်းဖြစ်သူဖြစ်သူ သရုပ်ဆောင်ဦးချစ်ပြုံးဟာ လေဖြတ်ဝေဒ နာခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။  

 "တစ်ခါ တစ်လေ တီဂွမ်းက ဘာဖြစ်တာလဲဆိုတော့ ထမင်းကျွေးချိန်ကျရင်ထမင်းခူးချင်တာ။ ညကျအိပ်လို့ရှိရင် အဲကွန်းဖွင့်ချင်တာ။ အဲ့လို သူ့ကိုခဏခဏဖွင့်ပေးခဲ့ရတာ။ ဟိုဘက်ခန်း ဒီဘက်ခန်းအိပ်ကြတာကိုး။ သူကလည်းကိုယ့်ကိုခဏခဏလာလာစတယ်။ ကိုယ့်အခန်းကိုကျော်ပြီး ရှူးရှူးတွေဘာတွေ သွားပေါက်ရင် လက်တွေဘာတွေစိုလာရင် ကိုယ့်ခြေထောက်ကို လာကိုင်တာ။ အဲ့လိုမျိုးတွေ စတယ်။ သူနဲ့ပတ်သက်ပြီး အိပ်မက်တွေဘာ တွေတော့တစ်ခါမှ မမက်ဘူး။ အိပ်မက်လည်းမပေးဘူး" ခင်ပွန်းဖြစ်သူ ဦးချစ်ပြုံးနဲ့ပတ်သက်ပြီး လွမ်းစရာ အဖြစ်အပျက်တွေကို ပြောပြလာပါတယ်။ 

Photo- Gwan Pone Gyi FB

ခင်ပွန်းသည်ကို ပြုစုခဲ့ရချိန်မှာတော့ ကိုယ်အလေးချိန် တွေကျဆင်းခဲ့ပေမယ့် အခုတစ်ယောက်တည်း ဖြစ်သွားတဲ့အချိန်မှာ ပေါင် ၂၀ ပြန်ပြန်တက်လာတဲ့ အကြောင်း ပြောပြလာပါသေးတယ်။ 

"ကလေးတစ်ယောက်ကိုပြုစုရတာ လွှတ်လိုက်ရသလိုပဲ။ တစ်ချိန်လုံး အိပ်ချိန်တန်ကျရင်လည်း အိပ်ချိန် ။ ကျွေးချိန်ကျရင်လည်း ကျွေးချိန် အဲ့လိုပြုစုခဲ့ရတာ။ အဲ့ဒီ(နောက်ပိုင်း)ကတည်းက တုံးခနဲ စိတ်လျှော့ပြီး အိပ်ချသွားတာ။ အခုဆိုရင် တာဝန်တစ်ခု လျော့သွားသလိုဖြစ်သွားတော့ ဝိတ် တွေတောင်ပြန်တက်လာတယ်။ ပေါင် ၂၀ တက်လာတယ်" ဆိုပြီး သရုပ်ဆောင်ဂွမ်းပုံကြီးက ပြောပြခဲ့ပါတယ်။ 

ခင်ပွန်းသည်နဲ့ အမှတ်တရအဖြစ်အပျက်တွေကို မေးကြည့်ချိန်မှာတော့ ဦးချစ်ပြုံးဟာ ဦးမိုးဒီ ကိုအလွန်ချစ်ခင်သူဖြစ်ပြီး ဇနီးသည် ဂွမ်းပုံကြီးနဲ့မိုးဒီကို ဇာတ်ကား တွဲရိုက်ပေးချင်တဲ့ စိတ်ကူး ရှိခဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။ 

 "ဦးချစ်ပြုံးက ဦးမိုးဒီကို အရမ်းချစ်တာ။ သူကမင်းသားပဲ အမြဲခေါ်တာ။ သူ့မှာပိုက်ဆံရှိရင် ပြေလည်ရင်သူ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး မဂွမ်းနဲ့ဦးမိုးဒီ ကို မင်းသားမင်းသမီး တင်ရိုက်ဦးမှာတဲ့။ အိမ်မှာ ဆိုအမြဲရန်ဖြစ်ရတယ်။ ဘာလုပ်မှာလဲ ကိုယ်လည်းဘာမှ နားမလည်ပဲနဲ့ ဘာညာပြောရင် တီဂွမ်းတို့နှစ်ယောက်ကို အတွဲညီတယ်တဲ့။ သူရိုက်​ပေးချင်တာ။ အမြဲတမ်း ဦးမိုးဒီ အိမ်သွားတယ်။ ဦးမိုးဒီ အိမ်မှာ ရှုရှုတင်တည်တယ်။ သူသွားလုပ်ပေးတယ်။ ကားတင်၊ ကားချ သူအကုန်လုပ်ပေးတယ်"ဆိုပြီး ဦးချစ်ပြုံးရဲ့ အကြောင်းကို ဇနီးသည်ဖြစ်သူ ဂွမ်းပုံကြီးက ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။ 

သရုပ်ဆောင်ဦးချစ်ပြုံးကတော့ ၂၀၂၁ခု နှစ် ဇူလိုင်လ ထဲမှာ လေဖြတ်ဝေဒ နာနဲ့ပဲ ကွယ်လွန်ခဲ့တာပါ။ ဦးချစ်ပြုံးနဲ့ ဂွမ်းပုံကြီးတို့နှစ်ဦးကတော့ အိမ်ထောင်သက် ၄၉ နှစ် ရှိခဲ့ပြီး မင်္ဂလာနှစ်ပတ်လည်ပြီး တစ်ပတ်အပြည့်မှာ ကွယ်လွန်သွားတယ်လို့လည်း သိရပါတယ်။

Share

က္က