အီမိုဂျီတွေနဲ့ တုံ့ပြန်ခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ IFFHS က ထုတ်ပြန်လိုက်တဲ့ (၂၀၂၃) ခုနှစ်အတွက် အကောင်းဆုံး ကစားသမား (၁၀) ယောက်စာရင်းမှာ ပါဝင်ခြင်းမရှိတဲ့အပေါ် လှောင်ပြောင် တုံ့ပြန်ခဲ့ပါတယ်။ ဒီစာရင်းကိုတော့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။



ဟာလန်း က IFFHS ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး သူ့နောက်မှာတော့ အမ်ဘာပေနဲ့ မက်ဆီတို့က ရပ်တည်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီက အဆင့် (၄) နေရာ ရရှိခဲ့ပြီး ဘယ်လင်ဟမ်၊ ဒီဘရိုင်း၊ ဟယ်ရီကိန်း၊ ဘာနာဒိုဆေးလ်ဗားတို့က ရပ်တည်ခဲ့ပါတယ်။

အဲ့ဒီနောက် ဗီနီရှပ်စ်ဂျူနီယာ၊ လော်တာရိုမာတီနက်ဇ်တို့ကလည်း ထိပ်ဆုံး ဆယ်ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဆော်ဒီမြေမှာ အယ်လ်နာဆာအတွက် တောက်လျှောက်ခြေစွမ်းပြခဲ့တဲ့ ရော်နယ်ဒို မပါဝင်ခဲ့တာက ရော်နယ်ဒိုအတွက်ရော၊ ပရိသတ်တွေအအတွက်ပါ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် မက်ဆီက (၂၀၂၃) ခုနှစ်အတွင်း အင်တာမိုင်ယာမီအတွက် လောက်လောက်လားလား ပွဲကစားခွင့်ရခြင်းမရှိခဲ့သည့်တိုင် ဒီစာရင်းရဲ့ ထိပ်ပိုင်းနေရာမှာ ပါဝင်ခဲ့တာပါ။ ရော်နယ်ဒိုကတော့ (၂၀၂၃) ခုနှစ်အတွင်းမှာ သွင်းဂိုး (၅၃)​ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေပါတယ်။
အဲ့ဒါကြောင့်လည်း အင်စတာဂရမ်ပို့စ်အောက်မှာ ရော်နယ်ဒိုက လှောင်ရယ်နေတဲ့ အီမိုဂျီတွေကို ကောမန့်ပေးခဲ့ပြီး ဒီဖြစ်ရပ်ကတော့ ပရိသတ်တွေအကြားမှာ ရေပန်းစားနေခဲ့ပါတယ်။  

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က