ရှုပ်ထွေးတဲ့ မဟာဗျူဟာဂိမ်းကစားနည်းကို အသက်သုံးနှစ်အရွယ်မှာ စတင်ကစားခဲ့ပါတယ်

ဂျပန်နိုင်ငံမှ ကျောင်းသူလေးတစ်ဦးက Go ဂိမ်းကစားနည်းမှာ အသက်အငယ်ဆုံး ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်လာမယ်လို့ ဆိုပါတယ်။ ဂျပန်ကျောင်းသူလေး ဆူမီရီနာကာမူရာဟာ လာမယ့် ဧပြီ ၁ ရက်မှာ Go ဂိမ်းကစားနည်းရဲ့ အနိမ့်ဆုံး ပရော်ဖက်ရှင်နယ်တန်း ကစားသမားဖြစ်လာမှာဖြစ်ပြီး သူမရဲ့အသက်ဟာ ၁၀ နှစ်သာရှိမယ်လို့ သိရပါတယ်။

(နာမည်ကြီး ပရော်ဖက်ရှင်နယ် Go ဂိမ်းကစားသမား ယူတာအိုင်ယာမာနဲ့အတူ တွေ့ရသည့် ဆူမီရီ) (Photo: Jiji Press/EPA)

ကျောင်းသူလေး ဆူမီရီက ရှုပ်ထွေးတဲ့ မဟာဗျူဟာဂိမ်းကစားနည်းကို အသက်သုံးနှစ်အရွယ်မှာ စတင်ကစားခဲ့ပြီး ဂျပန်မှာပြုလုပ်တဲ့ နိုင်ငံအဆင့်ပြိုင်ပွဲကို အသက်ခုနစ်နှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယခင်က Go ဂိမ်းကစားနည်းရဲ့ အသက်အငယ်ဆုံး ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် အသက် ၁၁ နှစ်အရွယ် ရီနာဖူဂျီဆာဝါက ၂၀၁၀ ခုနှစ်မှာ စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။



(Photo: Kyodo News)

"သမီး နိုင်တဲ့အခါ ပျော်ပါတယ်၊ သမီး အငယ်တန်း အထက်တန်းကျောင်းသူအဖြစ်နဲ့ ဆုတံဆိပ်ရချင်ပါတယ်" လို့ တိုကျိုမြို့မှာ ဇန်နဝါရီ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆူမီရီက ပြောခဲ့ပါတယ်။ ဂျပန်နိုင်ငံ Go Association က ဆူမီရီကို နိုင်ငံတကာပြိုင်ပွဲတွေမှာ တရုတ်နဲ့ တောင်ကိုရီးယား ကစားသမားတွေနဲ့ယှဉ်ပြိုင်ရန် လေ့ကျင်ရေးအစီအစဉ်အတွက် ရွေးချယ်ထားကြောင်းလည်း BBC သတင်းက ပြောပါတယ်။

(Photo: Getty Images)

သူမရဲ့ဖခင်ဖြစ်သူ ရှင်ယာနာကာမူရာကလည်း ပရော်ဖက်ရှင်နယ် Go ဂိမ်းကစားသမားဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ နိုင်ငံအဆင့် ဆုံတံဆိပ်ရရှိထားပါတယ်။ ကျားကွက်ရွှေ့ကစားနည်းနဲ့ဆင်တူတဲ့ Go ဂိမ်းကစားနည်းကို တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်ကတည်းက တီထွင်ဖန်တီးခဲ့ပြီး အရှေ့အာရှ နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကစားကြလေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က