ပရီးမီးယားလိဂ်ပွဲစဉ်-၈ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ကစားခဲ့တဲ့ ပွဲစဉ် ဝက်စ်ဟမ်းဆိုးသွမ်းပရိသတ်အချို့ရဲ့လုပ်ရ ပ်ကြောင့် အခုလိုရင်ဆိုင်နေရတာပါ။
ဝက်စ်ဟမ်းအသင်းအနေနဲ့ ဆိုးသွမ်းပရိသတ်တွေရဲ့ အခြေအနေကြောင့် ဝေဖန်မှုအချို့နဲ့ရင်ဆိုင်နေရတဲ့အပြင် စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ စွဲချက်တင်ခြင်းခံခဲ့ရတဲ့အတွက် အက်ဖ်အေရဲ့အရေးယူခြင်းကိုခံရတော့ မယ်လို့ Daily Mail ကဖော်ပြလာပါတယ်။
အက်ဖ်အေကထုတ်ပြန်ခဲ့တဲ့ ဖြစ်စဉ်တွင် ဝက်စ်ဟမ်းဆိုးသွမ်းပရိသတ်တွေအနေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းအ တွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဂျော်ဒန်အယူးစ်ကို အရာဝထ္ထုအချို့အပြင် ပုလင်းအချို့နဲ့ပါ ပစ်ပေါက်ခဲ့တဲ့အတွ က် အခုလိုအရေးယူခံရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
ဖြစ်စဉ်တွင် ဂျော်ဒန်အယူးစ်အနေနဲ့ ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR စနစ်နဲ့ထပ်မံအဆုံးအဖြတ်ခံခဲ့ရပြီး ဂိုးအဖြစ်သတ် မှတ်ပေးတဲ့အချိန်မှာ ဝက်စ်ဟမ်းပရိသတ်အရှေ့သွားရောက်အောင်ပွဲခံခဲ့ရာမှအခုလိုပြဿနာစတင်ဖြစ်ပွားခဲ့တာ လည်းဖြစ်ပါတယ်။
အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူတွေအနေနဲ့ ဖြစ်စဉ်အတွက် စွဲချက်တင်စုံစမ်းမှုများပြုလုပ်နေဆဲ ဖြစ်သော်လည်း ဝက်စ်ဟမ်းအသင်းကတော့ ကျူးလွန်တဲ့ ပရိသတ်တွေကို ပွဲကြည့်ခွင့်ရာသက်ပန်ပိတ်ပင်ဖို့ရှိနေ တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။
ဆက်စပ်သတင်းအချို့ ဝက်စ်ဟမ်းပရိသတ်အချို့အနေနဲ့ အက်ဖ်အေရဲ့တစ်ဖက်သပ်စွဲချက်တင်မှုကို ဝေဖန်မှုပြု လုပ်နေခဲ့ပြီး ပြိုင်ဘက်ပရိသတ်ရှေ့တွင် လေးစားမှုမရှိဘဲ အောင်ပွဲခံခဲ့တဲ့ ဂျော်ဒန်အယူးစ်ကိုလည်း အရေးယူမှု ပြုလုပ်သင့်တယ်လို့ ထောက်ပြမှုအချို့ရှိနေခဲ့ပါတယ်။