အဆိုပါ အမျိုးသားမှာ ဘီယာဆိုင်ရှေ့မှာ ဒဏ်ရာတွေနဲ့ လဲကျနေတာဖြစ်ပါတယ်။

လှိုင်သာယာဆေးရုံမှာ အရက်ကြောင်ကြောင်နေတဲ့ အမျိုးသားတစ်ဦးကို ဆေးကုသဖို့ ခေါ်လာရာ ဆေးရုံမှာ ကတ်ကြေးနဲ့ လိုက်ထိုးလို့ ဆေးရုံဝန်ထမ်းအပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ လှိုင်သာယာမြို့မရဲစခန်းကနေ သိရပါတယ်။


Photo- Thaw Htun



ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၃ နာရီအချိန်လောက်က လှိုင်သာယာမြို့နယ် (၈) ရပ်ကွက် စိန်အောင်မင်း ဘီယာဆိုင်ရှေ့မှာ အမျိုးသားတစ်ဦး ဒဏ်ရာတွေနဲ့ လဲကျနေတာကို တွေ့ရှိခဲ့တယ်လို့ ပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ဆေးရုံရောက်တဲ့အချိန်မှာ သူနာပြု အမျိုးသားကနေ ဒဏ်ရာတွေကို ဆေးကြောကုသပေးနေချိန်မှာ ဒဏ်ရာရ အမျိုးသားကနေ ဆေးဗန်းထဲက ကတ်ကြေးကို ယူပြီး တွေ့သမျှ လူတွေကို ကတ်ကြေးနဲ့ လိုက်ထိုးနေခဲ့တယ်လို့ လှိုင်သာယာမြို့မ ရဲစခန်းမှ အမှုစစ် တပ်ကြပ်စိုးလှိုင်က Duwun ကိုပြောပါတယ်။

“ဆေးကုဖို့ ကုတင်ပေါ်ရောက်တဲ့အချိန်မှာ ကတ်ကြေးကို တွေ့ပြီး တွေ့ရာလူကို ကတ်ကြေးနဲ့ ထိုးပြီးထွက်ပြေးသွားတယ်။ သူ့ကို တွေ့တဲ့အချိန်မှာ အရက်သောက်ထားတဲ့ပုံစံ ယူဆရပါတယ်” လို့ တပ်ကြပ်စိုးလှိုင်က ဆိုပါတယ်။

ဒဏ်ရာရရှိသူ ခြောက်ဦးမှာ သူနာပြု အမျိုးသား၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အခြားလူနာစောင့်တွေ ဖြစ်ပြီးစိုးရိမ်ရတဲ့ အခြေအနေတော့မရှိဘူးလို့ သိရပါတယ်။

ဆေးရုံအပြင်ဘက်ကို ထွက်ပြေးသွားခဲ့တဲ့ လူနာအမျိုးသားကို ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိမှာ လှိုင်သာယာမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်လိုက်ပြီလို့သိရပါတယ်။

“ အခု ကျူးလွန်သူကို ရမန်ယူထားပြီးပါပြီ။ စစ်ဆေးကြည့်ရာမှာတော့ အရက်ကြောင် ကြောင်နေတဲ့ပုံစံ ရှိပါတယ်” လို့ လှိုင်သာယာမြို့မရဲစခန်းတာဝန်ရှိသူက Duwun ကိုပြောပါတယ်။

လက်ရှိတော့ အဆိုပါ ကျူးလွန်သူကို ဝတ္တရားနှောင့်ယှက်မှု၊ နာကျင်စေမှုတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လု့ိလည်း လှိုင်သာယာမြို့မရဲစခန်းက နေသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က