ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့သူပါ။

အာဆင်နယ်ခံစစ်ကြယ်ပွင့် မူစတာဖီဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းနဲ့ စစ်ပွဲကို စတင်မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အချိန်တန်လာတဲ့အခါမှာ အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

မူစတာဖီဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဗလင်စီယာအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီး ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း မူစတာဖီကို ရောင်းထုတ်ချင်တဲ့ဆန္ဒရှိခဲ့ပြီး နည်းပြ အူနိုင်းအမ်မရီက မူစတာဖီကို ၎င်းရဲ့ ကစားသမားဘဝအတွက် တစ်နေရာရာမှာ စိန်ခေါ်မှုတွေ ရှာဖွေတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိသေးတဲ့ ဂျာမနီလက်ရွေးစင်နောက်ခံကစားသမား မူစတာဖီရဲ့ အပြောင်းအရွှေ့ဟာ မဖြစ်မြောက်ခဲ့ဘဲ မြောက်လန်ဒန်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။



မူစတာဖီဟာ ယမန်နေ့က ဖရန့်ဖတ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ယခုရာသီ ပထမဆုံးပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောက်ရှိလာတဲ့ ဒေးဗစ်လုဇ်ကြောင့် ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူစတာဖီဟာ ယမန်နေ့က ဖရန့်ဖတ်နဲ့ပွဲစဉ်မှာ ဒေးဗစ်လုဇ်နဲ့ တွဲဖက်ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ယခုရာသီ အာဆင်နယ်အသင်းအတွက် ပေးဂိုးမရှိဒုတိယမြောက်ပွဲစဉ် ပိုင်ဆိုင်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က