“လူလည်ကြီးများရွာ” ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ(၁) ရက်နေ့ မြန်မာနိုင်ငံရှိအဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
စာရေးဆရာ အကြည်တော်ရဲ့ နာမည်ကြီး ဝတ္ထုဖြစ်တဲ့ “ လူလည်ကြီးများရွာ” ဝတ္ထုကို နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ပြန်လည်ပုံဖော်ထားတာတွေ့ရ ပါတယ်။ "လူလည်ကြီးများရွာ" ဝတ္ထုဟာ စာရေးဆရာ အကြည်တော် ရေးထားတဲ့ ဝတ္ထုတွေထဲက အောင်မြင်တဲ့ ဝတ္ထုတစ်ခုဆိုလည်း မမှားပါဘူး။
အဆိုပါဝတ္ထုကို ရုပ်ရှင်အဖြစ်နာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ ပြန်လည်ပုံဖော် ရိုက်ကူးထားပြီးကြည့်တဲ့ ပရိသတ်တွေအတွက် ရယ်မောပျော်ရွှင်စေနို င်မယ့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်မယ်လို့ ခန့်စည်သူက ဆိုပါတယ်။
“ကျွန်တော်က လူလည်ကြီးများရွာဇာတ်ကားမှာ လူလည်ကြီးတွေထဲက လူလည်တစ်ယောက်အဖြစ် ပါဝင်ထားတယ်။ ဒီကားက ဟာသကားဆိုပေမယ့် ချက်ချင်းကြီးတော့ ရယ်ချင်မှ ရယ်ရမယ် ။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ကားပြီးခါနီးမှ ဒီကားရဲ့ လျှို့ဝှက်ချက်ဘာလဲဆိုတာ ဇာတ်ကားကြည့်ရင်းနဲ့မှ အဖြေရှာနိုင်မှာပေ့ါ။ အဲ့လိုလေးပါ။ ရသတစ်မျိုး ရစေမှာပါ” လို့ ဖေဖော်ဝါရီ(၂၆) ရက်နေ့ညက သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တဲ့ “လူလည်ကြီးများရွာ” အထူးပွဲမှာ ပြောပြခဲ့တာပါ။
လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကားကို ပျော်ဘွယ်မြို့မှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး ရိုက်ကူးခဲ့ချိန်ကလည်း ပရိသတ်တွေအများကြီး လာရောက်အားေ ပးခဲ့ကြတာ ဖြစ်လို့ အမှတ်တရဖြစ်စေတယ်လို့ အိချောပိုက ဆိုပါတယ်။
“ပျော်ဘွယ်က ပရိသတ်တွေ အရမ်းချစ်ဖို့ကောင်းတယ်။ အရမ်းလည်း အားပေးကြတယ်။ပျော်လည်း ပျော်ခဲ့ရပါတယ်။ အမှတ်တရတွေလည်း အများကြီး ဖြစ်ခဲ့ရတယ်။ ဒီဇာတ်က အစကတည်းက ဇာတ်အိမ်ကရှိပြီးသားဆိုတော့ သူ့ဘာသာသူကို စနစ်တကျ ရယ်နေရတဲ့ ဇာတ်လေးပါ။ “ လို့ အိချောပိုက ပြောပြခဲ့ပါသေးတယ်။
လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်တွေ အဖြစ် ခန့်စည်သူ၊ ပြေတီဦ၊ ခိုင်သင်းကြည်၊ အိချောပို၊ ဒိန်းဒေါင်၊ ဗေလုဝတို့အပြင် အခြားသော အနုပညာရှင်တွေ များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ထို ရုပ်ရှင်ဇာတ်ကားကို မတ်လ(၁) ရက်နေ့ကစလို့ မြန်မာနိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။