အကောင်းဆုံးတိုက်စစ်မှူးဆုအသစ်ကိုတော့ ရရှိခဲ့ပါတယ်။

ပိုလန်သားကြီးဟာ မက်ဆီကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ကစားသမားဘ၀ ပထမဆုံးဘလွန်းဒီအောဆုရရှိရေးမျှော်လင့်ချက်တွေ အဆုံးသတ်ခဲ့ရပါတယ်။ 


ဘလွန်းဒီအောဆုနဲ့ လွဲချော်ခဲ့ပြီး အသစ်ထပ်မံဖန်တီးပြီးပေးအပ်ခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆုနဲ့သာကျေနပ်ခဲ့ရတဲ့ လီဝန်ဒေါစကီးက သူ့အနေနဲ့ အခမ်းအနားကို တက်ရောက်ခွင့်ရတာကိုပဲ ကျေးဇူးတင်ဝမ်းသာမိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပိုလန်သားကြီးဟာ မက်ဆီကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ကစားသမားဘ၀ ပထမဆုံးဘလွန်းဒီအောဆုရရှိရေးမျှော်လင့်ချက်တွေ အဆုံးသတ်ခဲ့ရပါတယ်။ 



မဲအရေအတွက် အနည်းငယ်အသာနဲ့ မက်ဆီက ရရှိခဲ့တာဖြစ်ပြီး ၇ ကြိမ်မြောက်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဒီဆုကိုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေခဲ့တဲ့ လီဝန်ဒေါစကီးဟာ ကိုဗစ်ကြောင့် လွဲချော်ခဲ့အပြီး ပြန်လည်ပေးအပ်တဲ့နှစ်မှာလည်း မက်ဆီနဲ့ အပြိုင်ဖြစ်ခဲ့ရကာ ဆုကို လက်လွှတ်ခဲ့ရကာ Striker of the Year ဆုကိုသာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါမှာ ၄၁ ဂိုးသွင်းယူပြီး ၂၀၂၁ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးက ဒီနှစ်အတွင်းမှာလည်း ခြေစွမ်းဆက်ပြနေခဲ့ပေမယ့် ဆုနဲ့ဝေးကွာခဲ့ရပါတယ်။ သူရရှိခဲ့တဲ့ ဆုအတွက် လက်ခံရယူပြီးနောက် လီဝန်ဒေါစကီးက "ဒီအခမ်းအနားကိုတက်ရောက်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်၊ အသင်းနဲ့ တိုက်စစ်မှူးတွေကြားမှာ လိုအပ်တာတွေကို ဖြည့်ဆည်းပေးခဲ့တဲ့ အသင်းနဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်"

"အခုရရှိတဲ့ဆုအတွက်လည်း ကျွန်တော်အရမ်းဂုဏ်ယူပါတယ်" လို့ ပြောဆိုခဲ့ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ ဒီနှစ်ဘလွန်းဒီအောဆုကို လီဝန်ဒေါစကီးရရှိသင့်တယ်လို့ ပရိသတ်အများအပြားက ပြောဆိုနေခဲ့ကြပေမယ့်လည်း မဲပေးရွေးချယ်မှုမှာတော့ မက်ဆီက အသာစီးရရှိသွားခဲ့ကာ ဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က