NothingOS ဘယ်လိုလာမလဲ

Nothing စမတ်ဖုန်းမှာ ပါမယ့် Launcher ဘီတာဗားရှင်းဟာ ဖုန်းပိုင်ရှင်ကို ပြဿနာပေးနိုင်တယ်လို့ ဆိုရမှာပါ။

Nothing Phone (1) မထွက်သေးပေမယ့် ကုမ္ပဏီရဲ့ Nothing Launcher ကို ပြီးခဲ့တဲ့အပတ်က Google Play Store မှာ Beta Version အဖြစ် တင်ခဲ့တာ ဖြစ်ပါတယ်။ အန်းဒရိုက်ဖုန်းသုံးသူတွေ ဒေါင်းလုပ်ဆွဲနိုင်အောင် ဒီ Launcher ကို Play Store ပေါ်မှာ ဖြန့်ချိပေးခဲ့တာပါ။ Nothing Launcher ကို ဒေါင်းလုပ်ဆွဲလိုက်မယ်ဆိုရင် icon packs တွေ နဲ့ Home Screen ပုံစံ ပြောင်းသွားမှာ ဖြစ်သလို Wallpaper Background ၊ Alarms ၊ Ringtones နဲ့ Noti သံတွေပါ ပြောင်းလဲပေးသွားမှာပါ။




Hand.png နဲ့ Face.png တို့လို Launcher Wallpapers တွေဟာ ကြည့်ရတာ စိတ်ရှုပ်စရာ ဖြစ်နေပေမယ့် တခြားဘာပြဿနာမှတော့ ရှိမှာ မဟုတ်ပါဘူး။ ဖုန်းမြည်သံ Ringtones နဲ့ Noti သံတွေကတော့ အခန့်မသင့်ရင် အဖမ်းခံရနိုင်တယ်လို့ ဆိုပါတယ်။ Nothing Ringtone တွေထဲက ၁၁ စက္ကန့်ကြာတဲ့ Nothing_ing_1.ogg ဟာ ဖုန်းဝင်လာချိန်မှာ မောင်းပြန်ရိုင်ဖယ်သံမျိုး ထွက်လာတာကြောင့် လေဆိပ်မှာဆို လုံခြုံရေးဝန်ထမ်းတွေအကုန် ပစ်ခတ်မှုဖြစ်ကုန်ပြီ ဆိုပြီး အထိတ်တလန့်နဲ့ အရေးပေါ်ကာကွယ်မှုတွေ လုပ်ဖို့ ရှိပါတယ်။

Volume အပြည့်တင်ထားချိန်မှာ Noti Sounds တွေ တပြုံကြီး ဝင်လာမယ်ဆိုရင်တော့ လူတစ်ယောက် သေနတ်ကိုင်ပြီး ပွဲကြမ်းသွားတယ်လို့ ထင်စရာ ရှိပါတယ်။ အခုကတော့ Nothing Launcher ဟာ Users တွေ စမ်းသုံးလို့ရမယ့် Beta အဆင့်မှာပဲ ရှိသေးတာ ဖြစ်ပြီး Nothing ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဖြစ်လာမယ့် Phone (1) မှာ တရားဝင် preinstalled မတင်ခင် Software Experience ကို မြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ 

Nothing Phone (1) ကို ဒီနှစ် နွေရာသီမှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး iPhone ကို ယှဉ်နိုင်အောင် အဆင့်မြင့်တဲ့ အန်းဒရိုက်ဖုန်း ဖြစ်လာမယ်လို့ ကုမ္ပဏီတည်ထောင်သူ ကားလ်ပိုင်က ကြေညာထားပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က