ဆန်ချိုက တန်ဟက်ခ်ကို မတောင်းပန်ဘဲ ခေါင်းမာနေဆဲပါ။

ယူနိုက်တက်တောင်ပံကစားသမား ဆန်ချိုဟာ တန်ဟက်ခ်ကို တောင်းပန်ဖို့အတွက် ဝိုင်းဝန်းတိုက်တွန်းခံနေရပေမယ့် အခုချိန်အထိ ခေါင်းမာနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ဆန်ချိုအနေနဲ့ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းကြီး လူစာရင်းကနေ ထုတ်ပယ်ခံထားရတဲ့ ကစားသမားပါ။



တန်ဟက်ခ်က ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်းစွမ်းဆောင်ရည်ကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့နောက် ဆန်ချိုကလည်း ဆိုရှယ်မီဒီယာကတစ်ဆင့် တန်ဟက်ခ်ကို ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။ ဒီပြဿနာက တော်တော်လေး ကြီးမားသွားခဲ့ပြီး ဆန်ချိုကို အသင်းကြီး Facilities တွေ သုံးစွဲခွင့်ပါ မရတော့ပါဘူး။
ဒီမတိုင်ခင်တည်းက ယူနိုက်တက်အသင်းသားတွေဟာ တန်ဟက်ခ်ကို ပြန်လည်တောင်းပန်ဖို့ ဆန်ချိုကို တိုက်တွန်းခဲ့ကြပေမယ့် ဆန်ချိုကတော့ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပြဿနာက အခုလောက်အထိ ရှည်လျားခဲ့တာဖြစ်ပြီး အခုချိန်အထိလည်း ဆန်ချိုကို နားချလို့မရသေးကြောင်း သိရှိရပါတယ်။
ပြဿနာစတင်ပြီး အချိန်အနည်းငယ်အကြာမှာတော့ ဆန်ချိုကို​ယူနိုက်တက်ရဲ့ စီနီယာကစားသမားအချို့က တန်ဟက်ခ်ကိုပြန်လည်တောင်းပန်ဖို့ ထပ်မံဖျောင်းဖျခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန်ချိုက ဒါကို ငြင်းဆန်နေဆဲဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့အထိ ဆုံးဖြတ်ထားပြီးပြီလည်း ဖြစ်ပါတယ်။
လက်ရှိအနေအထားအရတော့ ယူနိုက်တက်ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေဟာ ဆန်ချိုနဲ့ ပြဿနာမှာ တန်ဟက်ခ်ဘက်ကနေ မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်ပါတယ်။ ဆန်ချိုကို ရောင်းထုတ်ဖို့၊ အသင်းကနေ အငှားနဲ့ပဲဖြစ်ဖြစ် ရှင်းထုတ်ဖို့အတွက်လည်း ယူနိုက်တက်တာဝန်ရှိသူတွေက စီစဉ်ထားပြီး ဆန်ချိုတစ်ယောက် အချိန်မီ ပြန်လည်တောင်းပန်မှသာပဲ ယူနိုက်တက်မှာ ဆက်ရှိနေနိုင်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က