မက်ဆီကို အလွန်အကျူးအသုံးမပြုဘူးလို့ အာဂျင်တီးနားဘက်က သဘောတူပေးခဲ့တာပါ။

လက်ရှိ နိုင်ငံတကာရက်သတ္တပတ်မှာ မက်ဆီနဲ့ပတ်သက်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်နဲ့ PSG တို့အကြား အကြိတ်အခဲတွေဖြစ်ခဲ့ပြီး အပြန်အလှန် စကားလုံးတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ နှစ်ဦးနှစ်ဖက်အကြား မက်ဆီကိစ္စအတွက် သဘောတူညီမှုတစ်ခုရရှိခဲ့ပြီလို့ မာကာသတင်းစာက ဖော်ပြခဲ့ပါတယ်။



မက်ဆီဟာ အခု နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် PSG ရဲ့ ပွဲစဥ်နှစ်ပွဲကို လွဲချော်ခဲ့ပေမယ့် အာဂျင်တီးနားလူစာရင်းမှာ ရွေးချယ်ခံခဲ့ရသလို လက်ရွေးစင်နဲ့အတူ လေ့ကျင့်ခန်းတွေ ဆင်းခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း PSG အားကစားဒါရိုက်တာ လီယိုနာဒိုက အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို ပြစ်တင်ဝေဖန်ခဲ့သေးတာပါ။

ဒါပေမယ့်လည်း လက်ရွေးစင်နည်းပြ စကာလိုနီကတော့ မက်ဆီရဲ့ ဒဏ်ရာအခြေအနေက ကောင်းမွန်သွားပြီလို့ဆိုခဲ့ပြီး ဒီမာရီယာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဥရုဂွေးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း မက်ဆီကို လူစားဝင်ကစားစေခဲ့ပါတယ်။ မက်ဆီအနေနဲ့ အဲ့ဒီပွဲမှာ ပွဲကစားချိန် (၇၆) မိနစ်မှ လူစားဝင်ကစားခဲ့တာဖြစ်ပြီး တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုတော့ မရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာတော့ မာကာသတင်းစာရဲ့ဖော်ပြချက်အရ အာဂျင်တီးနားနဲ့ PSG တို့ဟာ မက်ဆီအတွက် သဘောတူညီမှုတစ်ခုရရှိခဲ့ပြီး အာဂျင်တီးနားအနေနဲ့ မက်ဆီကို အလွန်အကျွံအသုံးမပြုဘူးလို့ သဘောတူညီခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မက်ဆီအနေနဲ့ ဘရာဇီးနဲ့ ကစားမယ့်ပွဲမှာလည်း အရံခုံမှာသာထိုင်နေပြီး လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်လာဖွယ်ရှိပါတယ်။

မက်ဆီဟာ ဒီမတိုင်ခင် ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားအတွက် ကစားပေးရင်း ဒူးဒဏ်ရာရရှိလာခဲ့သလို တံကောက်ကြောဒဏ်ရာကိုပါ တစ်ပါတည်းခံစားနေခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း PSG က သူတို့ရဲ့ ကစားသမားအတွက် စိုးရိမ်ပူပန်နေရတာပါ။

မက်ဆီဟာ PSG နဲ့ (၂) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတာဖြစ်ပြီး အဲ့ဒီစာချုပ်ချုပ်ဆိုချိန်မှာ သူ့အနေနဲ့ အာဂျင်တီးနားအတွက် ပိုမိုဦးစားပေးသွားမယ်ဆိုတဲ့အချက်ကိုလည်း ကလပ်နဲ့သူ့အကြား သဘောတူထားတယ်လို့ သတင်းတွေကဖော်ပြခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က