အသင်းဟောင်းချယ်လ်ဆီးနဲ့ပွဲကို အနိုင်ယူပြီးနောက် အားပါးတရအောင်ပွဲခံခဲ့မှုတွေနဲ့ပတ်သက်ပြီး သူ့ကိုနားလည်ပေးဖို့ အဲဗာတန်နည်းပြလမ်းပတ်က ချယ်လ်ဆီးပရိသတ်တွေကိုပြောဆိုလိုက်ပါတယ်။ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ အဲဗာတန်ဟာ ချယ်လ်ဆီးကို မဖြစ်မနေအနိုင်ကစားဖို့လိုအပ်ခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့လို့ အသက်ရှူချောင်ခဲ့ပါတယ်။
ရှုံးပွဲတွေဆက်တိုက်တွေ့နေတဲ့ အဲဗာတန်အတွက် အဖိုးတန်နိုင်ပွဲဖြစ်ခဲ့ပြီး လမ်းပတ်ကလည်း အသင်းဟောင်းကိုအနိုင်ရတဲ့အပေါ်မှာ စိတ်ခံစားချက်မထိန်းနိုင်ဘဲ သူ့ရဲ့လက်ရှိအသင်းအတွက် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အောင်ပွဲခံတဲ့အပေါ်မှာ အသင်းဟောင်းပရိသတ်တွေဘက်က အမြင်စောင်းမှာလည်းကိုလည်း လမ်းပတ်က စိုးရိမ်နေဖွယ်ရှိခဲ့ကာ ပွဲအပြီးမှာ နားလည်ပေးဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ချယ်လ်ဆီးနဲ့ ပရိသတ်တွေအပေါ် ကျနော်အများကြီးလေးစားမှုရှိပါတယ်၊ ဒါကြောင့် နိုင်ပွဲအတွက် ကျနော်စိတ်လှုပ်ရှားခဲ့တာကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ ဒီနေ့ပွဲမှာ ကျနော်တို့က သူတို့ထက်ပိုပြီး နိုင်ပွဲပိုလိုချင်ခဲ့တာပါ၊ ဒါ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ ကျနော့်အတွက်တော့ ဒီနေ့အရာအားလုံးက အဲဗာတန်ပါပဲ၊ သုံးမှတ်က ကျနော်တို့အတွက် သေရေးရှင်ရေးဖြစ်ပြီး ဒါက ကျနော်တို့ပရိသတ်တွေရဲ့ အသက်ပဲဆိုတာကို ခင်ဗျားလည်းတွေ့မှာပဲ"
"နာကျင်အချိန်ပို ၇ မိနစ်ပေးတာတော့ နည်းနည်းများတယ်ဗျ၊ သူတို့က နောက်ပိုင်းအချိန်တွေဆို ပိုပြီးဖိအားပေးနိုင်တဲ့ အသင်းလေ၊ ကျနော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်၊ ပရိသတ်တွေနဲ့ အသင်းလည်း ဟန်ချက်ညီခဲ့ပါတယ်၊ ကျနော်တို့လိုအပ်နေတာ ဒီလိုအားပေးမှုမျိုးပါ၊ အဲဗာတန်ပရိသတ်တွေကို ကျေးဇူးတင်တယ်ဗျာ" လို့ လမ်းပတ်က ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
တန်းဆင်း ၃ နေရာအတွက် အဲဗာတန်၊ ဘန်လေနဲ့ လိဒ်ယူနိုက်တက်တို့ အသည်းအသန်ပြိုင်ဆိုင်ရမှာဖြစ်ပြီး ဘန်လေကတော့ တောက်လျှောက်နိုင်ပွဲဆက်ခဲ့လို့ အခြေအနေပြန်ကောင်းလာခဲ့ကာ တန်းဆင်းဇုန်တိုက်ပွဲက ပိုပြီးတော့ ပြင်းထန်လာခဲ့ပါပြီ။