မြန်မာငွေ သိန်း ၂၀ ကျော် ဈေးနဲ့ ရောင်းချသွားမှာပါ

Slide-Out ဆွဲထုတ်နိုင်တဲ့ ကီးဘုတ်တွေနဲ့ အိတ်ဆောင်ကွန်ပျူတာငယ်တစ်လုံးလို အလုပ်လုပ်နိုင်မယ့် 5G ဖုန်းကို CES 2022 ပွဲမှာ ကြေညာသွားပါတယ်။



Planet Computers ကနေ Backlit ကီးဘုတ်ပါ Astro Slide 5G ကို မိတ်ဆက်သွားတာပါ။ ဖုန်း Display အောက်မှာ Keyboard အိမ်နဲ့ လာပြီး သပ်ရပ်တဲ့ပတ္တာစနစ်နဲ့ Slide-Out ဆွဲထုတ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ QWERTY Keyboard ပါ ဖုန်းတွေ ပြန်အောက်မေ့နေသူတွေအတွက် Astro Slide 5G က အလွမ်းပြေစေမယ့်ဖုန်းလို့ ဆိုနိုင်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 နဲ့ လာသလို LinuxOS လည်း သွင်းနိုင်မယ်လို့ ဆိုပါတယ်။ Planet Computers ကတော့ Sailfish OS အတွက် အထောက်အပံ့ပေးနိုင်အောင်ပါ လုပ်ဆောင်နေပါတယ်။ 

Photo: GSMArena

Astro Slide 5G ဟာ ၆.၃၉ လက်မ AMOLED Screen နဲ့လာပြီး FHD+ Resolution သုံးထားပါတယ်။ အပေါ်နဲ့ အောက်မှာ Bezel ဘောင်တွေ ပါရှိပြီး ရှေ့ဘက် 13MP ကင်မရာ သုံးထားပါတယ်။ Processor အနေနဲ့ Dimensity 800 5G Chipsetကို RAM 8GB/128GB Storage ကိုမှ microSD card ကနေ ထပ်ပြီး Storage မြှင့်နိုင်မယ်လို့ ဆိုပါတယ်။ QWERTY ကီးဘုတ်အပြင် Apps ဖွင့်တာ ၊ System Function တွေအကြား ပြောင်းပေးနိုင်တဲ့ Programmable Keyboard Keys တွေလည်း ပါရှိမှာပါ။

ကျောဘက်မှာ Fingerprint Scanner နဲ့အတူ 48MP Sony ကင်မရာလည်း ပါရှိပါတယ်။ Dual Nano-SIM Slot နဲ့လာပြီး ဖုန်းဘေးတစ်ဖက်တစ်ချက်မှာ USB-C Port တစ်ခုစီနဲ့ port ၂ ခု ပါရှိပါတယ်။ Astro Slide 5G မှာ 3.5mm Headphone Jack ၊ NFC ၊ Stereo စပီကာ ၊ 4000mAh ဘက်ထရီ ၊ 30W Fast Charging နဲ့ 10W Qi Wireless Charging စနစ်တို့လည်း ထည့်သွင်းထားပါတယ်။ 

လောလောဆယ် အပြာတစ်ရောင်တည်းနဲ့ပဲ ထွက်ထားပြီး ဈေးကွက်မှာ ၈၆၂ ပေါင် (မြန်မာငွေ သိန်း ၂၀ ကျော်) ဈေးနဲ့ မတ်လထဲမှာ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က