ဟာလန်းနဲ့ ရီးရဲယ်မက်ဒရစ်အကြား ပွဲဝင်ဖျက်ဖို့ ဘာစီိလိုနာတို့ ပြင်ဆင်နေတာပါ။

ဘာစီလိုနာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မဟာပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ဆီကို ဟာလန်း မရောက်သွားဖို့ နည်းလမ်းမျိုးစုံသုံး တားဆီးသွားမယ်လို့ သိရှိရပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ပြင်ဆင်နေတဲ့ ဒီနော်ဝေလက်ရွေးစင်တိုက်စစ်မှူးကို ရီးရဲယ်မက်ဒရစ်က ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။



ဟာလန်းရဲ့ စာချုပ်လျော်ကြေးက လာမယ့်နွေရာသီမှာ လျော့ကျလာမှာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း သူ့ရဲ့ ကစားသမားဘဝ နောက်တဆင့် မြင့်တက်ရေးအတွက် ထိပ်တန်းအသင်းတသင်းကို ပြောင်းရွှေ့ချင်နေပါတယ်။ ဘာစီလိုနာကလည်း ဟာလန်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ ဖြစ်နိုင်ခြေနည်းနေပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ အသင်းရဲ့ အရှိန်အဝါအတွက် ဟာလန်းကို အရခေါ်ယူဖို့၊ ရီးရဲယ်မက်ဒရစ်ကို ဟာလန်း မရောက်သွားဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ သတင်းတွေကဖော်ပြနေပါတယ်။ အသက် (၂၁) နှစ်အရွယ် ဟာလန်းရဲ့ အေးဂျင့် ရွိုင်အိုလာနဲ့ ဘာစီလိုနာ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးထားပြီး ရွိုင်အိုလာကလည်း ဘာစီလိုနာနဲ့ ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ စကားတွေကို ပြောဆိုထားတာပါ။

ရီးရဲယ်မက်ဒရစ်ဟာ ဟာလန်းအပြင် အမ်ဘာပေကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာကတော့ အမ်ဘာပေ၊ ဟာလန်း၊ ဗီနီရှပ်စ်တို့ တိုက်စစ်သုံးယောက်အတွဲကို ရီးရဲယ်မက်ဒရစ်မှာ မြင်တွေ့လိုခြင်းမရှိဘူးလို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုထားပါတယ်။

ဟာလန်းအတွက် မန်စီးတီးကလည်း အားကုန်ထုတ်ကြိုးပမ်းလာမယ်လို့ သတင်းတွေက ဖော်ပြထားပြီး ဒီမန်ချက်စတာအခြေစိုက်အသင်းကလည်း ကစားသမားရဲ့ အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအနေနဲ့ ဟာလန်းကိုခေါ်ယူဖို့ အသည်းအသန် ကြိုးစားလာနိုင်တာမှန်ပေမယ့် အသင်းရဲ့ လတ်တလောအခြေအနေအရတော့ ဟာလန်းကို ဆွဲဆောင်နိုင်ဖို့ ခက်ခဲသလို ကစားသမားကိုယ်တိုင်ကလည်း ရီးရဲယ်မက်ဒရစ်ကို ပြောင်းဖို့အတွက်သာ ပိုမိုစိတ်အားထက်သန်နေပါတယ်။ 

Share

Loading Next Article...
က္က