ပင်နယ္တီပေးခဲ့တဲ့ ဖြစ်ရပ်ကို မကျေနပ်တဲ့စကားပြောခဲ့တဲ့ ဂျရတ် အခုတော့ လီဗာပူးပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။

လီဗာပူးပရိသတ်တွေဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ အက်စတွန်ဗီလာပွဲအပြီး ဂျရတ်ရဲ့ မှတ်ချက်စကားအပေါ် ဒေါသပေါက်ကွဲကာ ဝေဖန်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ လီဗာပူးက ဆာလာရဲ့ တလုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဒါပေမယ့် ဒီပင်နယ်တီကို မပေးသင့်ဘူးလို့ ဂျရတ်က ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ နေရာမှာ ပြောသွားခဲ့တာပါ။  ဂျရတ်က “ဒီပွဲကို ပင်နယ်တီက အဆုံးအဖြတ်ပေးသွားတာပါ။ ဒီပွဲမှာ ပင်နယ်တီဖြစ်နိုင်ခြေ (၂) ကြိမ်ရှိခဲ့ပါတယ်”

“လီဗာပူးကတော့ သူတို့ရသင့်တဲ့ (၁) ကြိမ်ကျ ရသွားပါတယ်။ ခင်ဗျားတို့ အဲ့ဒီအခြေအနေကိုကြည့်လိုက်ရင် ဆာလာက တိုင်ရွန်မင့်စ်ကို အရင်ဆုံး ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ပင်နယ်တီဧရိယာထဲ ဆွဲဝင်လာတဲ့ ဆာလာကို တိုင်ရွန်မင့်စ်က ဆွဲလှဲမိခဲ့ပြီး အဲ့ဒီအပေါ်မှာ ကွင်းလယ်ဒိုင်က မဆိုင်းမတွဘဲ ပင်နယ်တီသတ်မှတ်ပေးခဲ့တာပါ။ ဂျရတ်ဟာ ကစားသမားဘဝမှာ နှစ်ရှည်လများ ကစားခဲ့ဖူးတဲ့ အသင်းဟောင်းကို ပြိုင်ဘက်နည်းပြအဖြစ် ပြန်လည်ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အခုလို ပြောသွားတဲ့အပေါ် လီဗာပူးပရိသတ်တွေက ဂျရတ်ကို စိတ်ပျက်နေပါတယ်။ တွစ်တာပေါ်မှာ လီဗာပူး ပရိသတ်တယောက်က “အဓိပ္ပာယ်မရှိတဲ့ ပြောစကားပဲ။ မင်းက အခုတော့ မော်ရင်ဟို လေသံဖြစ်နေပါလား” လို့ ဝေဖန်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အခြားသော ပရိသတ်တွေကလည်း ဂျရတ်ရဲ့ ပြောစကားအပေါ် ဝေဖန်ခဲ့ကြပါတယ်။ ဂျရတ် အန်ဖီးလ်ကို လာရောက်ရင်ဆိုင်တဲ့ ဒီပွဲမစခင်မှာ လီဗာပူး ပရိသတ်တွေက ဂျရတ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပေမယ့် ဒီဖြစ်ရပ်ကြောင့် နောက်တခါ ပြန်ဆုံရင် ဂျရတ်ကို လီဗာပူးပရိသတ်တွေ နွေးထွေးနိုင်ဦးမလား စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က