မက်ဆီရဲ့ လိုင်လီနဲ့ပွဲက စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး သူ မအံ့ဩဘူးလို့ ဆာဂျီယိုရာမို့စ်က ပြောဆိုလိုက်ပါတယ်။ လိုင်လီနဲ့ပွဲမှာ မက်ဆီက ပွဲချိန်နောက်ဆုံးမိနစ်မှာ အလွတ်တည်ကန်ဘောကနေ လှလှပပဂိုးသွင်းယူပြီး အဖိုးတန်နိုင်ပွဲကို ပုံဖော်ပေးနိုင်ခဲ့တာပါ။ ဒီဂိုးအတွက် မက်ဆီရဲ့ စွမ်းဆောင်ရည်က တကယ်ကို အံ့အားသင့်စရာကောင်းခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့မှာ ကစားပြီး ပြိုင်ဘက်တွေဖြစ်ခဲ့ပေမယ့် ပီအက်စ်ဂျီမှာ အသင်းဖော်တွေဖြစ်လာချိန်မှာတော့ သူတို့နှစ်ဦးကြားမှာ ဆက်ဆံရေးတွေက ပြောင်းလဲလာခဲ့တာပါ။ ရာမို့စ်ကိုယ်တိုင်ကလည်း မက်ဆီအပေါ်လေးစားမှုရှိခဲ့သလို မက်ဆီကလည်း အပြန်အလှန်အားဖြင့် အသင်းဖော်တွေအနေနဲ့ လေးစားခဲ့လို့ နှစ်ဦးသားဆက်ဆံရေးက အဆင်ပြေချောမွေ့နေခဲ့ပါတယ်။
မနေ့ကပွဲအပြီးမှာ ရာမို့စ်က "“မက်ဆီ ဒီလိုမျိုးလုပ်ပြတာကို ကျွန်တော်မအံသြတော့ပါဘူး။ဘာစီလိုနာမှာ ရှိတဲ့ အချိန်ကတည်းက သူက ဒီလိုမျိုးတွေနဲ့ပဲ ပွဲတွေကိုအဆုံးအဖြတ်ပေးလေ့ရှိပါတယ်။သူက အခုကျွန်တော်နဲ့ တစ်သင်းတည်းမှာရှိနေလို့ ဝမ်းသာရပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ရာမို့စ်က မက်ဆီကို ပွေ့ဖက်ကာ ဂုဏ်ပြုပြီး အောင်ပွဲခံခဲ့ပါတယ်။
"ကျနော်တို့မှာ တူညီတဲ့ ပန်းတိုင်တွေရှိပါတယ်၊ အဲဒါက ပီအက်စ်ဂျီနဲ့အတူ အနိုင်ယူဖို့ပါ၊ ကျနော်တို့ရဲ့ အတွေ့အကြုံ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အသင်းကို ပိုကောင်းအောင် လုပ်ပေးချင်ပါတယ်၊ မက်ဆီနဲ့ ကျနော့်ကြား ဆက်ဆံရေးကလည်း ကောင်းမွန်ပါတယ်၊ တခြားကစားသမားတွေကြားထဲမှာလည်း ဒီလိုပဲ လေးစားမှုတွေရှိပါတယ်" လို့ ရာမို့စ်က ထပ်ပြောခဲ့ပါတယ်။
မနေ့ကပွဲမှာတော့ ပီအက်စ်ဂျီက အိမ်ကွင်းမှာ ၂-၃ နဲ့ အရေးနိမ့်နေခဲ့ပြီး ပွဲပြီးခါနိးမှာမှ ဘတ်ပီက ချေပဂိုးသွင်းခဲ့ကာ မက်ဆီက နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းပေးခဲ့လို့ ၄-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။