ဘလွန်းဒီအောဆုပါ ရစေချင်တယ်လို့ ဆိုခဲ့ပါတယ်။

စိန့်အက်တီယန်နဲ့ပွဲမှာ မက်ဆီနဲ့အတူ ပထမဆုံးအကြိမ် အသင်းဖော်တွေအဖြစ်နဲ့ တွဲဖက်ကစားခဲ့ပြီးနောက် ဒီနေ့ပေးအပ်ချီးမြှင့်မယ့် ဘလွန်းဒီအောဆုကိုပါ ရရှိသင့်တယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ စိန့်အက်တီယန်နဲ့ပွဲမှာ ဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးခဲ့ကာ အသင်းနိုင်ပွဲရအောင် ကူညီပေးခဲ့ပြီး ဘလွန်းဒီအောဆုပေးပွဲအကြိုမှာ ခြေစွမ်းပြသွားခဲ့ပါတယ်။ 



ရာမို့စ်က မက်ဆီကို ကမ္ဘာကြီးမှာ အကောင်းဆုံးတွေဖြစ်ပါစေလို့လည်း ဆုတောင်းပေးခဲ့ပြီး သူ့ရဲ့အသင်းဖော်သစ်က နောက်ထပ်ဘလွန်းဒီအောဆုတခု ရယူနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။ လာလီဂါမှာ ပြိုင်ဘက်တွေအဖြစ် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြပြီး တဦးနဲ့တဦး ငြိုးသူရန်ဘက်တွေပမာ ရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းဖော်တွေဖြစ်ခဲ့ပြီးနောက် ရာမို့စ်က ပြောင်းလဲသွားခဲ့ပြီလည်းဖြစ်ပါတယ်။ 


ဘလွန်းဒီအောဆုအတွက် မက်ဆီရေပန်းစားနေသလားဆိုတဲ့မေးခွန်းကို သူက "သေချာပေါ့၊ သူ ရဖို့လည်း ကျွန်တော်မျှော်လင့်ထားတယ်၊ ကျွန်တော့်အသင်းက ကောင်တွေကို ကျွန်တော်ကာကွယ်ပေးသွားမှာပါ၊ လောကကြီးမှာ သူ ကံကောင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်၊ သူက အကောင်းဆုံးပုံစံမှာရှိနေတယ်၊ ပြီးတော့အမှန်တကယ်လည်း ကွဲပြားခြားနားမှုတွေကို လုပ်နိုင်တဲ့ကစားသမားလို့ ကျွန်တော်ထင်ပါတယ်၊ ပြီးတော့ ထူးခြားတဲ့ကစားသမားဖြစ်ပြီး အသင်းက သူ့ကိုပိုင်ဆိုင်ထားတာ ကျေနပ်စရာပါ"


"ပီအက်စ်ဂျီ ပိုပြီးကြီးကျယ်ခမ်းနားဖို့၊ အောင်မြင်မှုတွေရဖို့ ကျွန်တော်တို့တဦးချင်းစီရဲ့ အရည်အသွေးတွေကို ဖြည်းဖြည်းချင်းစီနဲ့ ယူဆောင်လာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်၊ ဘလွန်းဒီအောဆုအတွက် သူ့ဘက်ကနေ ကျွန်တော်ရပ်တည်သွားမှာပါ၊ ဒီဆုက သူနဲ့ထိုက်တန်ပါတယ်" လို့ ESPN နဲ့ တွေ့ဆုံမှုမှာ ရာမို့စ်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က