မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ပြင်သစ်ပွဲမှာဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်တို့ရဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်မှာ ဟာဇက်နဲ့ အမ်ဘာပေတို့အကြား ရယ်မောဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။



ဒီပွဲရဲ့ ပထမပိုင်းမှာ ဘယ်လ်ဂျီယံက ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြင်သစ်က (၃) ဂိုးပြန်သွင်းပြီး ၂-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။

ရီးရဲယ်မက်ဒရစ် ကစားသမား ဟာဇက် ဘယ်လ်ဂျီယံအတွက် ပါဝင်ကစားခဲ့သလို PSG ကနေ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ အမ်ဘာပေကလည်း ပြင်သစ်အတွက် ပါဝင်ကစားပေးခဲ့ပါတယ်။

နှစ်ဖက်အသင်းသားတွေ နေရာယူနေချိန်မှာပဲ ဟာဇက်က အမ်ဘာပေအနားကို ရောက်လာခဲ့ကာ “Hala Madrid” လို့ ပြောခဲ့တာဖြစ်ပြီး အမ်ဘာပေကတော့ ဟာဇက်ရဲ့ ပြောစကားကို ကြားလိုက်ချိန်မှာ ချက်ချင်းပဲ အရယ်အမောဖြစ်ခဲ့ရပါတယ်။ “Hala Madrid” ဟာ ရီးရဲယ်မက်ဒရစ် အသိုင်းအဝိုင်းအတွက် အမြတ်တနိုး တန်ဖိုးထားရတဲ့ စကားလုံးလို့ဆိုနိုင်ပြီး ဟာဇက်ကတော့ အခုလိုပဲ အမ်ဘာပေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားသွားခဲ့တာပါ။

ဒီပုံရိပ်ကို ရုပ်သံမီဒီယာတွေမှာ အမိအရဖော်ပြထားခဲ့ပြီး ဟာဇက်ကတော့ အသင်းကိုတောင် မရောက်လာသေးတဲ့ အမ်ဘာပေကို နွေးထွေးတဲ့ ဆက်ဆံမှုတစ်ခု ပြသသွားခဲ့တယ်လို့ ဆိုနေကြပါတယ်။ အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် PSG က အမ်ဘာပေကို လက်မလွှတ်ချင်တာကြောင့် လက်ရှိအချိန်အထိ ပဲရစ်မှာဆက်ရှိနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အမ်ဘာပေကတော့ PSG နဲ့ပဲ စာချုပ်သစ်ချုပ်ဆိုဖို့ သတင်းတွေထွက်ပေါ်နေပြီး နှစ်ဖက်ဆွေးနွေးမှုတွေကလည်း တော်တော်လေး အလုပ်ဖြစ်နေတယ်လို့ အမ်ဘာပေရဲ့ အမေဖြစ်သူက ပြောကြားခဲ့ပါသေးတယ်။ 

Share

က္က