အစုရှယ်ယာ ၉ သိန်း ၃ သောင်းကျော် ရောင်းခဲ့တာပါ

Twitter ပေါ်မှာ ရှယ်ယာရောင်းမယ့်အကြောင်း ကတိပြုလိုက်ပြီးတဲ့နောက် Tesla အမှုဆောင်အရာရှိချုပ်ဟာ သူ့ပိုင်ရှယ်ယာတွေ ထုတ်ရောင်းလိုက်ပြီ ဖြစ်ပါတယ်။ 

အီလွန်မတ်စ်ဟာ Tesla လျှပ်စစ်ကားကုမ္ပဏီရဲ့ စတော့ ရှယ်ယာအစုပေါင်း ၉၃၀၀၀၀ ကျော်ကို ရောင်းထုတ်လိုက်တာဖြစ်တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။ ဒေါ်လာ ၁.၁ ဘီလျံကျော်ဖိုး ရောင်းလိုက်တာ ဖြစ်ပေမယ့် သူ့လက်ထဲမှာ အစုရှယ်ယာသန်း ၁၇၀ ကျော် ကိုင်ထားဆဲ ဖြစ်တယ်လို့လည်း ဒီသတင်းမှာ ဖော်ပြထားပါတယ်။ ၁၁၃၅ ဒေါ်လာနဲ့ ၁၁၉၅ ဒေါ်လာကြား ဈေးနှုန်းနဲ့ ရောင်းလိုက်တဲ့ ရှယ်ယာတွေဟာ စတော့ခ်ဝယ်/ရောင်း သဘောတူမှုအပေါ် အခွန်ထမ်းရာမှာ သုံးသွားမှာ ဖြစ်ပါတယ်။ 



Photo: Reuters

ရှယ်ယာရောင်းဖို့ အစီအစဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကြိုစီစဉ်ထားတာ ဖြစ်ပြီး Twitter မှာ ရှယ်ယာရောင်းသင့်/မရောင်းသင့် poll ခေါ်တာကို နိုဝင်ဘာလဆန်းပိုင်းမှာ လုပ်ခဲ့တာပါ။ အီလွန်မတ်စ်အနေနဲ့လည်း အစုရှယ်ယာ ၂.၁ သန်းကျော်ကို တစ်စု ၆.၂၄ ဒေါ်လာနှုန်းနဲ့ ဝယ်ခွင့်လည်း ရထားပါတယ်။ ဗုဒ္ဓဟူးနေ့က Tesla စတော့ခ်ရှယ်ယာဟာ တစ်စုကို ၁၀၆၇.၉၅ ဒေါ်လာနှုန်း ပေါက်ခဲ့ပါတယ်။ 

FactSet အချက်အလက်တွေအရ ပြီးခဲ့တဲ့ဇွန်လအထိ မတ်စ်ဟာ Tesla ကုမ္ပဏီရဲ့၁၇% ပိုင်ဆိုင်ပြီး အကြီးဆုံး ရှယ်ယာရှင်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ Forbes မဂ္ဂဇင်းအရ သူ့ရဲ့ အသားတင်ချမ်းသာမှုဟာ ဒေါ်လာ ၂၈၁.၆ ဘီလျံကျော် ရှိထားတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ စနနေ့နိုဝင်ဘာ ၆ ရက်မှာ မတ်စ်ဟာ သူ့ပိုင် Tesla ရှယ်ယာ ၁၀% ရောင်းသင့်သလားဆိုပြီး Twitter မှာ poll ဖွင့်ခဲ့ပြီး ရောင်းသင့်တယ်ဆိုပြီး မဲပေးသူ ၃.၅ သန်းကျော်ထဲက ၅၈% က မဲပေးခဲ့ကြပါတယ်။ 


ကုမ္ပဏီထိပ်တန်းရှယ်ယာရှင်တွေရဲ့Tesla ရှယ်ယာတွေ ရောင်းမယ့်သတင်းကြောင့် Tesla ဟာ ဒီတစ်ပတ်ထဲမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ၁၅၀ ဘီလျံ အရှုံးပြသွားခဲ့သလို အီလွန်မတ်စ်လည်း နှစ်ရက်အတွင်း ဒေါ်လာဘီလျံ ၅၀ လောက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က