ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာဟာ လက်ရှိမှာ စီးရီးအေကလပ် ဂျီနိုအာနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်ဖို့ သတင်းထွက်လာခဲ့ပါတယ်။ အဆိုပါ ဂိုးသမားဟာ ပြီးခဲ့တဲ့နွေကတည်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာပါ။
ဒါပေမယ့် သူက အခုချိန်အထိ အသင်းသစ် မရသေးဘဲ တစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်းတွေကိုသာ ပြုလုပ်နေရပါတယ်။ ဒီဂီယာကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေအပါအဝင် နယူးကာဆယ်နဲ့ ဥရောပအသင်းအချို့က သတင်းထွက်ခဲ့ပါတယ်။
ဒီဂီယာကတော့ ပရီးမီးယားလိဂ်ရဲ့ အခြားသော အသင်းတစ်သင်းမှာ ကစားလိုတဲ့ ဆန္ဒမရှိတာကြောင့် နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားခဲ့ဘူးလို့ သတင်းတွေက ဆိုထားတာပါ။ အခုချိန်မှာတော့ စီးရီးအေကလပ် ဂျီနိုအာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဒီဂီယာက လမ်းဖွင့်ပေးထားပါတယ်။
အေစီမီလန်တိုက်စစ်မှူးဟောင်း ဂီလာဒီနို ကိုင်တွယ်နေတဲ့ ဒီအသင်းက သူတို့ရဲ့ ပထမဂိုးသမားကို အေစီမီလန်ထံ ရောင်းချထားတာကြောင့် ဂိုးသမားသစ် လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း ဒီဂီယာအတွက် ဆွေးနွေးမှုတွေ ပြုလုပ်သင့်၊ မပြုလုပ်သင့်နဲ့ အခြားသော ဂိုးသမားကို ရှာဖွေသင့်လားဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ သိရှိရပါတယ်။