ယူနိုက်တက်ဂိုးသမား လဲကျနေချိန်မှာ ကန်သွင်းယူသွားခဲ့တာပါ။

ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်ဟောင်း မာ့ခ် ကလတ်တန်ဘာ့ဂ်က မန်ချက်စတာယူနိုက်တက်အသင်းဘက်ကို သွင်းယူသွားတဲ့ အာဆင်နယ်ရဲ့ ပုံမှန်မဟုတ်တဲ့သွင်းဂိုးကို ဘာကြောင့် ခွင့်မပြုဘဲ နေလို့မရတာလဲဆိုတာကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

စမစ်ရိုးဟာ ကြာသပတေးနေ့ညက အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၁၃ မိနစ်မှာ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပေမယ့် ၎င်းရဲ့ဂိုးဟာ အငြင်းပွားဖွယ် အခြေအနေအချိန်မှာ သွင်းယူခဲ့တာကြောင့် အချောင်ဂိုးလို့ ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ ယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ အသင်းဖော် ဖရက်ဒ်ရဲ့ တက်နင်းခြင်းကို ခံခဲ့ရပြီးနောက် ဒဏ်ရာကြောင့် လဲကျနေချိန်မှာ ပွဲက ဆက်ကစားနေတာကြောင့် စမစ်ရိုးက ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးပေါက်ထဲကို အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။



ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန်ဟာ ဒီသွင်းဂိုးကို ကြားဝင်ဖို့ စဉ်းစားခဲ့ပုံပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကွင်းလယ်စက်ဝိုင်းကို လက်ညှိုးထိုးပြပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ကစားသမားတွေက ဒေါသတကြီး စောဒက တက်ခဲ့ကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နာမည်ကျော် ဒိုင်လူကြီးဟောင်း မာ့ခ် ကလတ်တန်ဘာ့ဂ်က ပြစ်ဒဏ်ကျူးလွန်မှု မရှိခဲ့ဘဲ ပွဲကလည်း ရပ်တန့်ထားခဲ့ခြင်းမရှိတာကြောင့် အဲဒါက အက်ကင်ဆန်ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ Amazon Prime Video ကို ပြောကြားခဲ့ပါတယ်။ 

"အက်ကင်ဆန်က ဒီမှာတော့ ဒီဂိုးကို ပေးရမှာပါ။ ဖရက်ဒ်က မတော်တဆ ဒီဂီယာကို တက်နင်းမိခဲ့တယ်။ အဲဒီတော့ ဒါက ပြစ်ဒဏ်ဘောမဟုတ်ပါဘူး။ ဒိုင်လူကြီးက ဘောလုံးက ဂိုးစည်းကို မကျော်ခင် ဝီစီမှုတ်ခဲ့တာလည်း မရှိတော့ သူ ဂိုးပေးကို ပေးရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Prime Video ဘောလုံးဝေဖန်သုံးသပ်သူတွေဖြစ်တဲ့ အလန် ရှီးယားရား၊ သီယာရီ အွန်နရီ၊ ပက်ထရစ် အီဗရာတို့အားလုံးကလည်း ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သဘောတူညီကျပြီး စမစ်ရိုးသွင်းယူသွားတဲ့ဂိုးဟာ ကြောင်းကျိုးသင့်တဲ့ သွင်းဂိုးဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

Share

က္က