နယူးကာဆယ်နဲ့ပွဲစဉ်မှာ ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့မပါဝင်ခဲ့တာဟာ ညဘက်အပြင်ထွက်ပြီး စည်းကမ်းချိုးဖောက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးအတွက် ခြေစွမ်းပြနေတဲ့ အင်္ဂလန်ကစားသမားနှစ်ဦးဟာ နယူးကာဆယ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ပြီး လူစားလဲဝင်ခွင့်တောင်မရရှိခဲ့တာဖြစ်ပါတယ်။
"'ဒါကြောင့် အချိန်တိုင်းကို ကျနော်တို့ အာရုံစိုက်ဖို့ လိုအပ်ပါတယ်၊ ဘာလိုပလဲဆိုတော့ ဒီကာလမှာက ဘာမဆိုဖြစ်သွားနိုင်ပါတယ်၊ သတိထားနေရတာပါ" လို့ ဂွာဒီယိုလာက တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။ ဂရီလစ်ဟာ လိဒ်နဲ့ပွဲမှာ အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး အနိုင်ဂိုးတဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဖိုဒန်ကတော့ အသင်းအတွက် ဒိရာသီမှာ ၆ ဂိုးသွင်းပြီး ၆ ကြိမ်ဖန်တီးပေးထားကာ ခြေစွမ်းပြနေတာပါ။
မန်စီးတီးကတော့ ဘောက်ဆင်ဒေးနေ့ပွဲစဉ်အဖြစ် လက်စတာကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ရှိနေပြီး အဲဒီမတိုင်ခင်မှာ ဘရန်ဖို့ဒ်နဲ့ ကစားရဦးမှာဖြစ်ပါတယ်။