ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာပါ။

အာဆင်နယ်တော့ ဒီနေ့ည ကစားသွားခဲ့တဲ့ ဗီလာနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့ရပြီး အခွင့်အရေးတွေ​ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့်လည်း အခုလိုမျိုး ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။



အစောပိုင်းမှာ ကစားသွားတဲ့ လီဗာပူးကလည်း ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်သာ ဒီပွဲကို နိုင်ခဲ့ရင် အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ်နဲ့ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်စတွန်ဗီလာရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် ရှုံးနိမ့်သွားခဲ့တာပါ။

ပထမပိုင်းမှာကတည်းက ဆာကာ၊ ထရော့ဆက်ဒ်၊ ဟာဗက်ဇ်၊ ဂျေးဆုတို့ရဲ့ ခြိမ်းခြောက်မှုတွေက ဂိုးမဖြစ်ခဲ့ဘဲ အဆုံးသတ်ပိုင်းမှာလည်း အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ဘဲ တကယ်တမ်း ဂိုးတွေရသွားခဲ့တာက အက်စတွန်ဗီလာပဲဖြစ်ခဲ့ပါတယ်။

အက်စတွန်ဗီလာအတွက် အဖွင့်ဂိုးကို လီယွန်ဘေလီက (၈၄) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် အာဆင်နယ်တို့ ကောင်တာပေါက်သွားခဲ့ပြီး ဝက်ကင်းစ်က အက်စတွန်ဗီလာအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးမှာ အာဆင်နယ်ကွင်းလယ်က လူစားဝင်ကစားသမား ဂျော်ဂျင်ဟို လူပေးမှားတာကတစ်ဆင့် ဘောလုံးက ဝက်ကင်းစ်ဆီကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး ဂျော်ဂျင်ဟိုအတွက်တော့ မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့် မန်စီးတီးက အမှတ်ပေးဇယားကို အာဆင်နယ်၊ လီဗာပူးတို့ထက် (၂) မှတ်အသာ ရမှတ် (၇၃) မှတ်နဲ့ ဦးဆောင်သွားခဲ့ပါပြီ။

Share

Loading Next Article...
က္က