လာကာဇက်နေရာအတွက် အာဆင်နယ်ကတိုက်စစ်မှူးသစ် အားဖြည့်ဖို့ ပြင်ဆင်နေတာပါ။

အာဆင်နယ်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်၊ အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်းစ်တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။



ဒီကစားသမားနှစ်ယောက်လုံးဟာ အင်္ဂလန်ကစားသမားတွေဖြစ်ကြပြီး လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ပေးနေတဲ့ အခွင့်အရေးတွေကိုလည်းရရှိနေတဲ့ ကစားသမားပါ။ လက်ရှိနိုင်ငံတကာ ရက်သတ္တပတ်မှာ ကစားမယ့် အင်္ဂလန်ရဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက်လည်း ဝက်ကင်းစ်ကို ရွေးချယ်ထားပြီး ကဲလ်ဗတ်လီဝင်ကတော့ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အကျပိုင်းရောက်လာတဲ့ သူ့ရဲ့ခြေစွမ်းကြောင့်လည်း အသင်းက စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် အာဆင်နယ်တို့ လာကာဇက်ကို လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာတင် ရတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

ဒါပေမယ့် သူ့နေရာကို အစားထိုးဖို့အတွက် အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကလည်း အချက်အလက်မှတ်တမ်းတွေအရ လာကာဇက်လောက်တောင် အားကိုးရမှာမဟုတ်ဘူးလို့ ဖော်ပြနေပါတယ်။ အသင်းမှာတစ်ပတ်လုပ်ခ ပေါင် (၁၈၀,၀၀၀) ရရှိနေတဲ့ အသက် (၃၀) အရွယ် လာကာဇက်ဟာ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၁၃၀) သာ ကစားထားပေမယ့် သွင်းဂိုး (၅၀) အထိ သွင်းယူထားခဲ့တဲ့ ကစားသမားပါ။

ဒါပေမယ့် အသက် (၂၄) နှစ်အရွယ် ကဲလ်ဗတ်လီဝင်နဲ့ အသက် (၂၅) နှစ်အရွယ် ဝက်ကင်းစ်တို့ကတော့ ပွဲကစားတဲ့နှုန်းနဲ့ သွင်းဂိုးပိုင်းတွေ၊ အခြားကိန်းဂဏန်းအချက်အလက်ပိုင်းတွေမှာ လာကာဇက်ကို မကျော်နိုင်ဖြစ်နေပါတယ်။ ကဲလ်ဗတ်လီဝင်ဟာ လာကာဇက်ထက် ပွဲပိုကစားထားပြီး ပွဲပေါင်း (၁၅၀) မှာ သွင်းဂိုး (၄၃) ဂိုးပဲရှိသလို ဝက်ကင်စ်ကတော့ သူတို့အထဲမှာ အတွေ့အကြုံ အနည်းဆုံးဖြစ်ပြီး (၄၂) ပွဲကစား၊ (၁၅) ဂိုးသာ သွင်းယူထားသေးတာပါ။

ပွဲကစားချိန်နဲ့သွင်းဂိုးအချိုးချချိန်မှာလည်း လာကာဇက်က (၁၇၁.၄) မိနစ်တိုင်း (၁) ဂိုးသွင်းယူထားနိုင်ပြီး သူတို့အထဲမှာ အမြင့်ဆုံးပမာဏဖြစ်နေတာပါ။ ဒါ့အပြင် ဂိုးဖန်တီးမှုအပိုင်းမှာလည်း လာကာဇက်က နှစ်ယောက်လုံးထက် သာလွန်နေပြီး ဒီအချက်တွေကြောင့် အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးသစ်ခေါ်ယူတဲ့နေရာမှာ အထူးသတိထားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

Share

က္က