အိမ်ထောင်မပြုဖူးသူတွေဟာ အိမ်ထောင်သည်တွေထက် စောစီးစွာ သေဆုံးနိုင်ခြေ ၅၈ရာနှုန်း ပိုများတယ်လို့ National Health Interview Survey အရ ဖော်ပြထားပါတယ်။

လူတစ်ယောက်ကို ချစ်ရခြင်းမှာ အံ့သြဖို့ကောင်းတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာ သင်သိပါသလား။ ဝန်တို ၊ ပူလောင် ၊ စိတ်ဆင်းရဲ ၊ ငိုယိုနေရခြင်းမဟုတ်ဘဲ စစ်မှန်တဲ့ အချစ်ဟာ ကျန်းမာခြင်းကို ပေးစွမ်းပါတယ်။ ဒါကို စမ်းစစ်လေ့လာတဲ့အခါ အိမ်ထောင်ရေးချစ်မေတ္တာတစ်ခုထဲကို ဆိုလိုတာမဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက် ၊ မိဘ ဒါမှမဟုတ် သူငယ်ချင်းကို ချစ်တာလည်း ဖြစ်နိုင်ပါတယ်။

စိတ်ကျရောဂါနဲ့ဆေးစွဲတာ ကျဆင်းစေ

Photo: Worldpress

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ စိတ်ဓာတ်ကျတာ ၊ စိတ်ကျတာ နဲ့ ဆေးစွဲတာတွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အထီးကျန်ခြင်းဟာ စိတ်ကျခြင်းနဲ့ တကယ်ကို ဆက်စပ်နေလို့ ဖြစ်ပါတယ်။အချစ်ဟာ အထူးသဖြင့် လူငယ်လူရွယ်များအကြား အရက်အလွန်အကျွံေ သာက်စားမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု ကျဆင်းသွားစေဖို့ အထောက်အကူဖြစ်စေပါတယ်။

သွေးပေါင်ကျစေတယ်

Photo: FastMed

ပျော်ရွှင်တဲ့ အချစ်ရေးရှိတဲ့သူတွေမှာ ကောင်းမွန်တဲ့ သွေးပေါင်ချိန်ရှိတယ်လို့ စစ်တမ်းတွေက လေ့လာထားပါတယ်။ ဒီလေ့လာမှုဟာ အိမ်ထောင်သည်တွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ကောင်းမွန်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာ ဒီလိုကျန်းမာရေးကောင်းကျိုးရနိုင်ပေမယ့် ဒီလိုအခြေအနေနဲ့ ဆန့်ကျင်ဘက်အခြေအနေမှာတော့ ဒီကောင်းကျိုးရရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ဒါပေမယ့် တစ်ကိုယ်ထဲသမားတွေမှာလည်း လူတွေနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်ဆို ဒီကောင်းကျိုးကို ခံစားနိုင်တယ်လို့ ဆိုပါတယ်။

နာကျင်မှုကို ထိန်းချုပ်နိုင်တယ်

Photo: Dream

လေ့လာမှုတွေအရ ကြာရှည်ချစ်လာတဲ့ စုံတွဲတွေမှာ နာကျင်မှုကို ထိန်းချုပ်နိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းကို ပိုပြီး တက်ကြွစေတာကြောင့် နာကျင်မှုကို သဘောဝအတိုင်းလျော့ပါးစေပါတယ်။ဒါဟာ အရွယ်ရောက်ပြီးသူ 127,000 ကျော်ကို လေ့လာထားတာ ဖြစ်ပြီး အိမ်ထောင်သည်တွေဟာ ခေါင်းကိုက်တာ ၊ ခါးနာတာတွေကို ခံစားရတာနည်းပါးစေတယ်လို့ ဆိုပါတယ်။အမျိုးသမီးတွေဟာ ခင်ပွန်းဖြစ်သူ၏လက်ကို ကိုင်ထားတဲ့အခါ စိတ်ဖိစီးမှုနှင့်ဆက်စပ်နေတဲ့ ဦးနှောက်နေရာတွေမှာ တုံ့ပြန်မှုနည်းသွားတယ်လို့ ဆိုပါတယ်။ဒါကြောင့် အိမ်ထောင်ရေး သာယာလေလေ အကျိုးသက်ရောက်မှု ကြီးလေလေပါပဲ။

အအေးမိဖျားနာ နည်းပါးစေတယ်

Photo: Nexus

အချစ်ဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းကို လျှော့ချနိုင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သပါတယ်။ဒါဟာ အအေးမိ ဒါမှမဟုတ် တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ ထိတွေ့ပြီးနောက် ဖျားနာနိုင်ခြေနည်းတယ်လို့ တွေ့ရှိထားပါတယ်။Psychosomatic Medicine မှာပါဝင်တဲ့ အဆိုပါလေ့လာမှုဟာ စိတ်အားထက်သန်မှု၊ ရန်လိုမှု၊ စိတ်ဓာတ်ကျနေသူတွေနဲ့ ပျော်ရွှင်တည်ငြိမ်သူတွေကို နှိုင်းယှဉ်ခဲ့တာလို့ ဆိုပါတယ်။

အသက်ပိုရှည်စေတယ်

Photo: Huffpost

အိမ်ထောင်မပြုဖူးသူတွေဟာ အိမ်ထောင်သည်တွေထက် စောစီးစွာ သေဆုံးနိုင်ခြေ ၅၈ရာနှုန်း ပိုများတယ်လို့ National Health Interview Survey အရ ဖော်ပြထားပါတယ်။အိမ်ထောင်သည်တွေဟာ တကိုယ်တည်းသမားတွေထက် အသက်ပိုရှည်တယ်ဆိုတာကို ၁၉၉၀ ခုနှစ်တွေကစပြီး ရှစ်နှစ်ကြာ လေ့လာခဲ့တဲ့နောက် ဒီရလဒ်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Ref:

Share

Loading Next Article...
က္က