သူတို့နှစ်ဦးဟာ ရီးရဲလ်မက်ဒရစ်မှာ နှစ်ပေါင်းများစွာ အတူတွဲဖက်ကစားခဲ့ပြီး အခြားသောအသင်းဖော်တွေထက် ပိုမိုခင်မင်ရင်းနှီးခဲ့ကာ အတွဲအဖက်မိမိကစားနိုင်ခဲ့ပြီး ခြေစွမ်းအတူတူပြခဲ့ကြတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နောက်ခံလူမာဆယ်လိုကတော့ သူ့ရဲ့အခင်မင်ရဆုံးသူငယ်ချင်းဖြစ်တဲ့ ရော်နယ်ဒိုကို နောက်ထပ်ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပြန်ပါတယ်။ နော်ဝှစ်ချ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် တလုံးတည်းသောအနိုင်ဂိုးကို ပင်နယ်တီကတဆင့် ရော်နယ်ဒိုက သွင်းယူပေးခဲ့ပြီးနောက် သူ့ရဲ့အင်စတာဂရမ်မှာ အဆိုပါနိုင်ပွဲနဲ့ပတ်သက်ပြီး ရေးသားပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ရော်နယ်ဒိုက "မှန်ကန်တဲ့ခြေလှမ်းအတွက် နောက်ထပ်ခြေလှမ်း၊ လိုချင်တာကို ရယူနို်ငဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ဒါက ယူနိုက်တက်ပါပဲ၊ ဆက်သွားကြစို့ ကောင်လေးတွေ" ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒီရေးသားထားတဲ့ ပို့စ်အောက်မှာ မာဆယ်လိုက ကွန်မန့်ဝင်ရောက်ရေးသားခဲ့တာဖြစ်ပြီး သူ့ရဲ့ရေးသားမှုအပေါ် ပရိသတ်တွေက သဘောကျနေခဲ့ကြပါတယ်။
မာဆယ်လိုက "ငါ ဒိနေရာကိုရောက်လာတိုင်း (ရော်နယ်ဒိုရဲ့ အင်စတာဂရမ်အကောင့်ကို ဝင်ကြည့်တိုင်း) မင်း အမြဲတမ်းဂိုးတွေသွင်းနေတာချည်းပဲ" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရီးရဲလ်မက်ဒရစ်မှာ နှစ်ပေါင်းများစွာ အတူတွဲဖက်ကစားခဲ့ပြီး အခြားသောအသင်းဖော်တွေထက် ပိုမိုခင်မင်ရင်းနှီးခဲ့ကာ အတွဲအဖက်မိမိကစားနိုင်ခဲ့ပြီး ခြေစွမ်းအတူတူပြခဲ့ကြတာဖြစ်ပါတယ်။
ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုပြောင်းရွှေ့စဉ်မှာလည်း မာဆယ်လိုပါ လိုက်ပါပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ခဲ့တဲ့အထိ သူတို့ရဲ့ခင်မင်မှုက အားလုံးအသိအမှတ်ပြုစရာဖြစ်နေခဲ့တာပါ။ လက်ရှိမှာတော့ မာဆယ်လိုက ရီးရဲလ်မှာ ကစားနေတာဖြစ်ပြီး ရာသီကုန်မှာ အသင်းဟောင်းဘရာဇီးလ်ကလပ် ဖလူမီးနီးစ်ကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။