ကစားသမားဘ၀က အနားယူသွားခဲ့တဲ့ အဂူရိုကို နှုတ်ဆက်ခဲ့တာပါ။

သူတို့နှစ်ဦးဟာ တော်တော်လေးခင်မင်ရင်းနှီးပြီး အာဂျင်တီးနားတို့ အဝေးကွင်းပွဲတွေသွားရောက်ကစားရချိန်မှာ တည်းခိုရာဟိုတယ်မှာဆိုရင် သူတို့နှစ်ဦးက တခန်း အတူတူနေထိုင်ခဲ့ကြပြီး အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ 


ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီဟာ ကစားသမားဘ၀ကနေ အနားယူသွားခဲ့ရတဲ့ အာဂျင်တီးနားအသင်းဖော်အဂူရိုကို နှုတ်ဆက်စကားဆိုလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် အဂူရိုဟာ နှလုံးရောဂါပြသနာကြောင့် ကစားသမားဘ၀ကနေ အနားယူလိုက်ရတာဖြစ်ပြီး ကလပ်ကစားသမားဘ၀မှာ မက်ဆီနဲ့ တွဲဖက်ကစားချင်တဲ့ ဆန္ဒမပြည့်၀ခဲ့ဘဲ အနားယူခဲ့ရပါတယ်။ 



မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ရာမှာ မက်ဆီနဲ့တွဲဖက်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မက်ဆီက ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တော်တော်လေးခင်မင်ရင်းနှီးပြီး အာဂျင်တီးနားတို့ အဝေးကွင်းပွဲတွေသွားရောက်ကစားရချိန်မှာ တည်းခိုရာဟိုတယ်မှာဆိုရင် သူတို့နှစ်ဦးက တခန်း အတူတူနေထိုင်ခဲ့ကြပြီး အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ 

မက်ဆီက "လက်တွေ့ဆန်ဆန်ပြောမယ်ဆိုရင် မင်းရဲ့ကစားသမားဘ၀တလုံး အတူတူရှိနေခဲ့တာပါ၊ ငါတို့တွေ အရမ်းလှပတဲ့ အခိုက်အတန့်တွေထဲမှာ အတူတူဖြတ်သန်းခဲ့ရပြီး အဲဒီလိုမဟုတ်တဲ့ အခြားအရာတွေအားလုံးကလည်း ငါတို့ကို ပိုပြီးစည်းလုံးစေသလို သူငယ်ချင်းကောင်းတွေ ဖြစ်လာစေခဲ့တယ်၊ ပြီးတော့ ကွင်းပြင်မှာ ကျွန်တော်တို့ အတူတူဆက်လက်ရှိနေဦးမှာပါ"

"အင်္ဂလန်မှာ မင်း ရရှိခဲ့တဲ့အောင်မြင်မှုတွေ၊ ကိုပါအမေရိကဖလားကို ကိုင်မြှောက်နိုင်ခဲ့တာတွေအတွက်လည်း ငါ အရမ်းဝမ်းသာမိပါတယ်၊ အမှန်ပြောရမယ်ဆိုရင်တော့ မင်းအနှစ်သက်ဆုံးသောအရာကို ရပ်တန့်ပစ်ရတော့မယ်ဆိုတာကို အခုလိုမြင်တွေ့ရတာ တော်တော်လေးနာကျင်ရပါတယ်၊ မင်းက ပျော်ရွှင်မှုတွေကို သယ်ဆောင်ပေးသူဖြစ်ပြီး မင်းကိုချစ်တဲ့သူတွေက မင်းနဲ့အတူရှိနေမှာဖြစ်လို့ မင်း ပျော်ရွှင်နေရမှာ သေချာပါတယ်"

"မင်းဘ၀ရဲ့ နောက်ထပ်ကဏ္ဍသစ်တခုက စတင်နေပါပြီ၊ အရာရာတိုင်းကို မင်းရဲ့ အပြုံးတွေနဲ့အတူ ရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နေမယ်ဆိုတာကိုလည်း ငါ ယုံကြည်ပါတယ်၊ မင်းရဲ့ ဘ၀ကဏ္ဍသစ်မှာ အကောင်းဆုံးတွေဖြစ်ပါစေ၊ မင်းကို ငါအရမ်းချစ်တယ် သူငယ်ချင်း၊ ကွင်းထဲမှာမင်းနဲ့အတူရှိနေရတာ၊ လက်ရွေးစင်အသင်းမှာ

အတူတူရှိနေခဲ့တာတွေအားလုံးကို ငါ သတိရနေမှာပါ" လို့ မက်ဆီက သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားပြီး အဂူရိုကို နှုတ်ဆက်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က