အလှမယ် အမရာငြိမ်းဟာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုင်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အချစ်တစ်ခုတည်းအတွက် အကုန်လုံးကို ထားခဲ့ပြီး အိမ်ထောင်သည်ဘဝ ထူထောင်ခဲ့ကြောင်း အခုလို ပြောလာပါတယ်။ သူမဟာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း လူမှုကွန်ရက်မှာ မကြာခန ဝေမျှ ပေးနေသူ ဖြစ်ပါတယ်။
Photo- Aye Nyein Swe FB
"Facebook ပေါ်မှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးရေးဖြစ်၊ မျှဝေဖြစ်တယ်ဆိုတာ ကိုယ်အတွေ့အကြုံနဲ့ရင်းပြီး မိန်းကလေးတွေ သိသင့်သိထိုက်အောင်လို့ပါ။ ကိုယ်ကလည်း အချစ်ကိုမျက်စိမှိတ် ယုံတတ်သူပေါ့။ အချစ်တစ်ခုနဲ့ပဲ အကုန်လုံးကိုထားခဲ့ပြီး အိမ်ထောင်ပြုခဲ့တာဆိုတော့ ကိုယ့်အတွေ့အကြုံတွေအကြောင်းရေးပြရုံပါ။ အမျိုးသမီးတွေက အချစ်နဲ့ပတ်သက်ရင်ပိုပြီးရူးသွပ်ကြတယ်လို့မြင်ပါတယ်။ အမရာက တော် တော်ချစ်တတ်တဲ့အထဲတော့ပါတယ်။ ဒါပေမယ့်အသက်အရွယ်တစ်ခု ရလာတဲ့အချိန်ကျတော့ အချစ်ကိုအရမ်းရူးသွပ်ပြတာမျိုးတွေမဖြစ်တော့ဘူး။ ဒါပေမယ့်ချစ်တာတော့ချစ်တတ်တုန်းပါ"ဆိုပြီး အမရာကပြောပြခဲ့ပါတယ်။
Photo- Aye Nyein Swe FB
Miss Myanmar International 2015 (Winner) အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ အလှမယ် အမရာငြိမ်းက သူ့အနေနဲ့ အိမ်ထောင်ပြုထားတာ ၂နှစ်ပြည့်တော့မှာဖြစ်ပေမယ့်လည်း ကလေးယူဖို့ အစီအစဥ်မ ရှိသေးတဲ့အကြောင်းကို ပြောပြလာပါတယ်။ ခင်ပွန်းဖြစ်သူကလည်း ကလေးနဲ့ပတ်သက်ပြီး တောင်းဆိုမှုမျိုးမရှိတဲ့ အကြောင်းကိုတော့
"ကလေးယူဖို့တော့စိတ်ကူးလုံးဝမရှိပါဘူး။ တစ်ချိန်ချိန်မှာတော့ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။ စကားဆိုတာတော့အကုန်မပြောတာတော့ကောင်းတာပေါ့နော်။ ဒါပေမယ့် အမရာကတော့ အချိန်တွေ သိပ်မပေးနိုင်သေးဘူး။ အမေဖြစ်တယ်ဆိုတာက အရမ်းကိုSpecial ဖြစ်ပြီးတော့ အရမ်းတာဝန်ကြီးတယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲ့လိုလုပ်ဖြစ်လောက်တဲ့အထိ Qualified မဖြစ်သေးဘူးလို့ ထင်တယ်။ သူကတော့အဲ့လိုကြီးတော့ ကလေးမွေးကို မွေးပေးရမယ်။ ဘယ်လိုကြီး လုပ်ပေးရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ တော့ မပြောပါဘူး။ အတင်းအကြပ် တောင်းဆိုတာမျိုး၊ စွက်ဖက်တာမျိုး အဲ့လိုကြီးတော့မရှိပါဘူး" လို့ ပြောပြပါတယ်။
Photo-Aye Nyein Swe FB
အမရာငြိမ်းဟာ Miss Myanmar International (2015) Winner တစ်ဦးဖြစ်တဲ့အပြင် Miss Universe Myanmar 2013၊ Miss Universe Myanmar 2018 ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် တစ်ဦးဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ငယ်စဉ်က Miss People ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။