မက်ဆီက အယ်လစ်စတာကို ကာကွယ်ပေးခဲ့တာပါ။

အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီဟာ အသင်းခေါင်းဆောင် ပီသတဲ့ အပြုအမူတခုကို ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဘရိုက်တန်ရဲ့ အာဂျင်တီးနား ကစားသမား မက်အယ်လစ်စတာက ထုတ်ဖော်ပြောကြားလာပါတယ်။



ပြီးခဲ့တဲ့ (၂၀၁၉) သြဂုတ်မှာ အယ်လစ်စတာက အာဂျင်တီးနား လက်ရွေးစင်မှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး သူ့အနေနဲ့ မက်ဆီနဲ့ တွေ့ရတာကြောင့် အရမ်းကို စိတ်လှုပ်ရှားခဲ့ရတဲ့အကြောင်း၊ စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့အကြောင်းတွေကို ပြန်ပြောင်းပြောပြခဲ့ပါသေးတယ်။

ဒါ့အပြင် လက်ရွေးစင် အသင်းခေါင်းဆောင်တယောက်ရဲ့ အပြုအမူကောင်းနဲ့ ပတ်သက်လို့လည်း အယ်လစ်စတာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ အယ်လစ်စတာက “ကျနော် မက်ဆီနဲ့ နှစ်ကြိမ် အတူတူ လေ့ကျင့်ခဲ့ဖူးပေမယ့် ပွဲထဲမှာတော့ တွဲမကစားခဲ့ဖူးပါဘူး။ ဒါက ခင်ဗျားအတွက် ယုံတောင် မယုံနိုင်တဲ့ ကိစ္စပါ”

“အသင်းမှာရှိတဲ့ ကစားသမားတိုင်းက ကျနော့်ကို ‘ကိုလို’ လို့ ခေါ်တာကို ကျနော် သတိရပါသေးတယ်။ အာဂျင်တီးနားမှာဆိုရင် ဒါက ဂျင်းပေါ့။ ကျနော့်ကို အဲ့ဒီလို ခေါ်တာ ကျနော် သိပ်မကြိုက်ပါဘူး။ မက်ဆီကလည်း အသင်းဖော်တွေကို ကျနော့်ကို ဒီလိုမခေါ်ဖို့ တားမြစ်ပေးခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် အယ်လစ်စတာကို ဒီလိုမျိုး အသင်းဖော်တွေက ဂျင်းလို့ခေါ်တာဟာ မြန်မာအဓိပ္ပာယ်အရ ခြေစွမ်းမကောင်းလို့ ဂျင်းလို့ခေါ်တာ မဟုတ်ဘဲ သူ့ရဲ့ အိုင်းရစ်ချ် မျိုးရိုးနဲ့ ဂျင်းတက်ပုံစံဆံပင်ကြောင့် အသင်းဖော်တွေက ခေါ်ဝေါ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က