ထိပ်သီးအသင်းကြီး ၆ သင်းမှာ စပါးတစ်သင်းတည်း စတုတ္ထအဆင့်ကို တက်မလာနိုင်တာဖြစ်သလို ၅၉ နှစ်အတွင်း ၅ ကြိမ်မြောက်အဖြစ် ချန်ပီယံရှစ်ကအသင်းတွေလည်း မပါလာပါဘူး။
ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်အတွက် မဲနှိုက်ရွေးချယ်မှုတွေကို ပြုလုပ်ခဲ့ရာမှာတော့ လီဗာပူးနဲ့ အာဆင်နယ်၊ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ တွေ့ဆုံနေတယ်လို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ ဆောက်သမ်တန်နဲ့ကစားရမှာဖြစ်ပြီး ဗီလာနဲ့ဝုလ်၊အဲဗာတန်နဲ့ဝက်ဖို့ဒ် တို့ တွေ့ဆုံနေပါတယ်။
ဒီထဲမှာမှ လိဂ်တူးကလပ်တွေဖြစ်တဲ့ ခရိုလေနဲ့စပါးကို နိုင်ခဲ့တဲ့ ကိုလ်ချက်စတာအသင်းတို့က ထိပ်တိုက်တွေ့နေ ပြီး အောက်စ်ဖို့ဒ်နဲ့ဆန်းဒါးလန်းတို့ တွေ့ဆုံနေပါတယ်။
အခုလို စတုတ္ထအဆင့်ကို ချန်ပီယံရှစ်က တစ်သင်းမှ တက်ရောက်လာနိုင်ခြင်းမရှိတာကတော့ ပြိုင်ပွဲရဲ့ ၅၉ နှစ်အတွင်း ၅ ကြိမ်မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။
စတုတ္ထအဆင့်ကိုတောာ့ လာမယ့် အောက်တိုဘာ ၂၈မှာဆက်လက်ကစားစေမယ်လို့ သိရပါတယ်။