မန်စီးတီးအသင်းကတော့ ၁၁ နာရီမှာ နောဝစ်နဲ့ ကစားသွားမှာပါ။

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါး၊ ချယ်ဆီးအသင်းတို့အားလုံး ၃ မှတ်အပြည့်ရယူနိုင်ခဲ့ကြပါတယ်။


မန်ချက်စတာယူနိုက်တက် vs လက်စတာစီးတီး

မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာစီးတီးတို့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ ပထမပိုင်းစတင်ပြီး ၈ မိနစ်မှာ ရရှိခဲ့တဲ့ပင်နယ်တီသွင်းဂိုးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်စတာစီးတီးအသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် ထိရောက်တဲ့ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ၁ ဂိုး ဂိုးမရှိ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။


တော့တင်ဟမ်ဟော့စပါး Vs ခရစ်စတယ်ပဲလေ့စ်

တော့တင်ဟမ်ဟော့စပါးနဲ့ ခရစ်စတယ်ပဲလေ့စ်တို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ ပထမပိုင်း ၁၀ မိနစ်မှာပဲ ဆွန်ဟောင်မင်က အယ်ဒါဝီလ်ရဲ့ဖန်တီးပေးပို့မှုကနေတဆင့် စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၂၁ မိနစ်မှာ ဗန်အန်ဟော့က ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး စပါးတို့ ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ ၂၃ မိနစ်မှာ ဆွန်ဟောင်မင်ကပဲ စပါးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို အော်ရီရာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၄၂ မိနစ်မှာတော့ ဟယ်ရီကိန်းရဲ့ အကွက်မြင်မြင် ဖြတ်တင်ပေးပို့မှုကို အဲရစ်လာမယ်လာက ပြေးဝင်ပိတ်သွင်းပြီး စတုတ္ထမြောက်ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။


ဝုဗ် Vs ချယ်ဆီး

ဝုဗ်နဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဧည့်သည်ချယ်ဆီးအသင်းက ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းအတွက်အဖွင့်ဂိုးကို လူငယ်ကစားသမား တိုမိုရီက ၃၁ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ၃၄ မိနစ်နဲ့ ၄၁ မိနစ်မှာ တန်မီအေဘရာဟမ်က ချယ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိိုင်း ၅၆ မိနစ်မှာ တန်မီအေဘရာဟမ်ကပဲ ချယ်ဆီးအသင်းအတွက် ဂျော်ဂျင်ဟိုရဲ့ပေးပို့မှုကနေတဆင့် ဟက်ထရစ်သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။ အိမ်ရှင်ဝုဗ်ဟာ လေးဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် ကစားအားချလိုက်တဲ့ ချယ်ဆီးအသင်းဘက်ကို တရစပ်တိုက်စစ်ဆင်ကစားခဲ့ပြီး ၆၉ မိနစ်မှာ တန်မီအေဘရာဟမ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိပြီး ဝုဗ်အသင်းက ချေပဂိုးတစ်ဂိုး ရရှိခဲ့ပါတယ်။ ၈၅ မိနစ်မှာတော့ ပက်ထရစ်ကတ်ထရုန်းက ကီပါ ပုတ်ထုတ်ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို အပိုင်ပိတ်သွင်းပြီး ဒုတိယမြောက်ချေပဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းအတွက် ပဉ္စမမြောက်ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၆ မိနစ်မှာ မေဆင်မောင့်က ဘတ်ရှူဝါရီရဲ့ပေးပို့မှုကနေတဆင့် သွင်းယူခဲ့ပြီး ချယ်ဆီးအသင်းက အဝေးကွင်းမှာ အမှတ်ပြည့် ၃ မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က