ပေါင် ၃၄သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေတာပါ။

ဂျူဗင်တပ်စ်၊ အေစီမီလန် နဲ့ အင်တာမီလန်တို့ကလည်း ရာကီတစ်ကို စိတ်ဝင်စားနေပေမယ့် အက်သလက်တီကိုကတော့ အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူရာကီတစ်ကို ပေါင် ၃၄သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာ ခရိုအေးရှားကွင်းလယ်လူကို အရခေါ်ယူနိုင်ဖို့ အက်သလက်တီကိုက စီစဉ်နေတာဖြစ်ပြီး အသင်းကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်၊ အေစီမီလန် နဲ့ အင်တာမီလန်တို့ကလည်း ရာကီတစ်ကို စိတ်ဝင်စားနေပေမယ့် အက်သလက်တီကိုကတော့ အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ Movistar+ ရဲ့ ဖော်ပြချက်အရ အက်သလက်တီကိုနည်းပြဆီမြွန်နီက အတွေ့အကြုံရင့်ဝါရင့်ကွင်းလယ်လူကို အလိုရှီနေပြီး ပြိုင်ဘက်အသင်းဆီက အရခေါ်ယူနိုင်ဖို့လည်း မျှော်လင့်နေတယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ်ကွငး်လယ်လူဟာ ၂၀၂၁ နွေရာသီမှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁ဝပွဲသာ ကစားပေးထားရပြီး ပုံမှန်ကစားခွင့်ရဖို့ နည်းပါးနေတဲ့အပေါ်မှာ ကစားသမားကိုယ်တိုင်က စိတ်ပျက်နေပြီး အနာဂတ်အတွက် အသင်းသစ်ရှာဖွေဖို့ပါ ဆန္ဒရှိနေခဲ့ပါတယ်။

အဆိုပါ ၁၀ ပွဲမှာ ရာကီတစ်က တစ်ပွဲသာပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါနှစ်ပွဲဖြစ်တဲ့ လီဗန်တေး၊ ဆယ်လ်တာဗီဂိုတို့နဲ့ပွဲတွေမှာ လူစားဝင်ကစားခွင့်တောင်မရရှိခဲ့ဘဲ ဒီဂျောင်နဲ့ အာသာတို့နောက်မှာသာ ဦးစားပေးခံနေခဲ့ရပါတယ်။ မကြာခဏဆိုသလိုလည်း ရာကီတစ်က သူ့ရဲ့အနေအထားနဲ့ပတ်သက်ပြီး ညည်းတွားပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။

Share

က္က