ဝီလ်ဆန်ကိုခေါ်ယူဖို့ ကမ်းလှမ်းလိုတဲ့အသင်းတွေရှိနေဆဲပါ။

အင်္ဂလန်တိုက်စစ်မှူးဝီလ်ဆန်ကို ပရီးမီးယားလိဂ်ထိပ်တန်းအသင်း ၆သင်းလုံးက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာလ ည်းဖြစ်ပါတယ်။

ဘုန်းမောက်အသင်းရဲ့တိုက်စစ်မှူးဝီလ်ဆန်က လက်ရှိရာသီအတွင်း ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့မှုကြောင့် ယုံကြ ည်မှုပိုင်းလျော့နည်းခဲ့ကြောင်း၊ အသင်းကြီးတွေဆီမှာ ကစားဖို့ထိုက်တန်တဲ့ခြေစွမ်းလည်းမရှိခဲ့ကြောင်းဝန်ခံပြော ဆိုခဲ့မှုကို dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ပရီးမီးယားလိဂ်အသင်းကြီးတွေအနေနဲ့ ဝီလ်ဆန်ကိုခေါ်ယူဖို့ စိတ်ဝင်စားမှုတွေရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီး၊ စပါးအ သင်းတို့ကတော့ တရားဝင်ကမ်းလှမ်းမှုအချို့ပြုလုပ်ဖို့အထိ ပြင်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကြန့် ကြာမှုအချို့ရှိနေခဲ့တာပါ။



“ လက်ရှိခြေစွမ်းက လက်ခံနိုင်ဖို့ခက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်မှုကောင်းခဲ့ပေမယ့် အခုနှစ်မှာတော့ ပိုပြီးတိုးတက်ဖို့လိုအပ်ပါသေးတယ်။ အထူးသဖြင့် အသင်းကြီးတွေဆီကို သွားကစားဖို့ ထိုက်တန်တဲ့အခြေအ နေမရှိသေးတာပါ။ လက်ရှိအခြေအနေမှာပဲ ပိုပြီးလုပ်ဆောင်ပြဖို့ လိုအပ်နေဆဲပါ ” လို့ ဝီလ်ဆန်က ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ပွဲမှာ ၁၅ဂိုးသွင်း ၁ဝဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဝီလ်ဆန်အ နေနဲ့ လက်ရှိရာသီမှာတော့ ၃၂ ပွဲကစားပြီးချိန်အတွင်း ၈ဂိုးသွင်း ၁ဂိုးပဲဖန်တီးပေးထားနိုင်ခဲ့ခြင်းကြောင့် ခြေစွမ်း ပိုင်းလိုအပ်ချက်ရှိနေခဲ့တာပါ။

ဘုန်းမောက်အသင်းနဲ့အကြား သက်တမ်းတိုးစာချုပ်တစ်ရပ်ချုပ်ဆိုထားတဲ့ ဝီလ်ဆန်ကို ခေါ်ယူလိုတဲ့အသ င်းအချို့ရှိနေဆဲဖြစ်ပေမယ့် ကာယကံရှင်ဖြစ်သူကတော့ အသင်းအတွက်ဆက်လက်ကိုယ်စားပြုကစားပေးလိုေ နဆဲဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က