အရင် DPC Season ရဲ့ အမှတ်အများဆုံးအသင်းဖြစ်သလို TI9 မှာ Top 4 အထိဝင်ခဲ့တဲ့ Team Secret ဟာ အခု 2019-20 DPC ရာသီသစ်အတွက် သူတို့လူစာရင်းအသစ်ကို ချပြခဲ့ပါတယ်။

    အရင် DPC Season ရဲ့ အမှတ်အများဆုံးအသင်းဖြစ်သလို TI9 မှာ Top 4 အထိဝင်ခဲ့တဲ့ Team Secret ဟာ အခု 2019-20 DPC ရာသီသစ်အတွက် သူတို့လူစာရင်းအသစ်ကို ချပြခဲ့ပါတယ်။




Mid ကစားသမားနေရာနဲ့ Coach နေရာတို့အတွက် လူစားလဲခဲ့တာဖြစ်ပြီး ထွက်ခွာသွားတဲ့ Midone(Mid) နဲ့ SunBhie(Coach) တို့နေရာမှာ Matumbaman နဲ့ Heen တို့က အစားဝင်လာခဲ့ပါတယ်။ Team Secret မှာ ၃ နှစ်ကျော် ကစားလာခဲ့တဲ့ မလေးရှားနိုင်ငံသား Midone ကတော့ အသင်းကထွက်ခွာပြီးနောက်မှာ Dota2 ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ ခဏအနားယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

         အသစ်ရောက်လာတဲ့ Matumbaman ကတော့ Team Liquid နဲ့အတူ ထွန်းတောက်ခဲ့ဖူးတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တာကြောင့် အားလုံးလည်းသိကြမှာပါ။ Matumbaman က Midone နေရာမှာ အစားထိုးဝင်ရောက်လာတယ်ဆိုပေမယ့် သူ့အရင် Role ဖြစ်တဲ့ Position 1 Carry အဖြစ်ပဲ ဆက်ကစားသွားမှာဖြစ်ပြီး Mid နေရာမှာတော့ Nisha က ကစားသွားမှာပဲဖြစ်ပါတယ်။


Nisha ဟာ Team Secret မရောက်ခင်က အသင်းဟောင်းတွေမှာ Mid နေရာမှာကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်တာကြောင့် အခုတစ်ခါမှာလည်း အခက်အခဲမရှိကစားနိုင်ဖို့က သေချာသလောက်ပါပဲ။ Matumbaman ဟာ Team Liquid မှာကတည်းက Position 1 ရော 2 ပါ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိတာကြောင့် Drafting မှာ မျက်လှည့်ပြချင်တဲ့ Puppey တစ်ယောက် မျက်စိကျပြီး အခုလိုခေါ်ယူခဲ့တာဖြစ်နိုင်ပါတယ်။ Matumbaman ကတော့ Team Liquid က ထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာ TI9 ကို Chaos Esports Club နဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အုပ်စုအဆင့်မှာတင် အိမ်ပြန်ခဲ့ရပါတယ်။


         တကယ်တော့ Team Secret ဟာ TI7 ချန်ပီယံ Liquid က အသင်းသားဟောင်းနှစ်ဦးကိုခေါ်ယူခဲ့တာပါ။ Heen ဟာလည်း TI7 မှာ ချန်ပီယံဖြစ်ခဲ့တဲ့ Team Liquid ရဲ့ Coach အဖြစ်တာဝန်ယူခဲ့သူပဲ ဖြစ်ပါတယ်။ Team Liquid TI ချန်ပီယံဖြစ်ပြီးနောက်ပိုင်းမှာ သူ့ဂုဏ်သတင်းပိုမိုကျော်ကြားလာခဲ့ပြီး Dota2 ပရော်ဖက်ရှင်နယ်လောကမှာ အများလေးစားရတဲ့ Coach တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူဟာ တောင်ကိုရီးယားနိုင်ငံသားဖြစ်ပြီး ကိုရီးယားအသင်း MVP Phoenix နဲ့ MVP Hot6 တို့မှာ ကစားသမားအဖြစ် ကျင်လည်ခဲ့ပြီး ၂၀၁၆ ခုနှစ်အရောက်မှာတော့ Coach အဖြစ်ကို လုံးလုံးလျားလျားပြောင်းလဲခဲ့ပါတယ်။ Team Liquid အပြင် TNC အသင်းမှာပါ Coach အဖြစ်တာဝန်ယူခဲ့ပြီး အခုတစ်ခါမှာတော့ Team Secret ကိုရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။


         လူစာရင်းအသစ် Position အသစ်တွေနဲ့ Team Secret ကို စင်ပေါ်မှာမြင်ရဖို့ အကြာကြီးစောင့်ဖို့ မလိုတော့ပါဘူး။ ပထမဦး Major ပြိုင်ပွဲကိုဝင်မပြိုင်ဘဲ အနားယူထားတယ်ဆိုပေမယ့် လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့် One Esports Dota2 World Invitational ပြိုင်ပွဲမှာ Team Secret အသစ်ရဲ့လက်စွမ်းတွေကို တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။ One Esports Dota2 World Invitational ပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ 


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က