ခင်ဇာခြည်ကျော်က သားဖြစ်သူ ဘုန်းမင်းနေအပေါ် သူမျှော်လင့်ထားတဲ့ ဆန္ဒလေးတစ်ခုရှိပါတယ်။ အဲ့ဒါက သားကို အနုပညာအလုပ်ထက် ပညာတတ်ဖြစ်စေချင်တယ်တဲ့။
Photo : ခင်ဇာခြည်ကျော်
သရုပ်ဆောင် ခင်ဇာခြည်ကျော်က သားဖြစ်သူ ဘုန်းမင်းနေလကို အနုပညာအလုပ်ထက် ပညာတတ်ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ အခုခေတ်က ပညာမတတ်ရင် လူရာမဝင်တာကြောင့် ပညာရေးကိုပဲ ဦးစားပေးပြီး လုပ်စေချင်တယ်ဆိုပြီး သားဖြစ်သူအပေါ် ဖြစ်စေချင်တဲ့ ဆန္ဒလေးကို ပြောပြလာတာပါ။
ခင်ဇာခြည်ကျော်ဟာ လက်ရှိမှာ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေပြီး သားနဲ့သမီးလေးကို ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ သားဖြစ်သူ ဘုန်းမင်းနေလက စင်ကာပူမှာ ကျောင်းတတ်ရင်း ကျောင်းပိတ်တဲ့အချိန်လေးမှာ မြန်မာနိုင်ငံပြန်လာပြီး အနုပညာအလုပ်လေးတွေ စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
Photo : ခင်ဇာခြည်ကျော်
ဘုန်းမင်းနေလက ၂၀၁၈ခုနှစ်အတွက်ပြုလုပ်မယ့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတစ်ယောက် အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ဇာခြည်ကျော်က သားဖြစ်သူအတွက် စိုးရိမ်စိတ်ဖြစ်မိတယ်လို့ ဆိုပါသေးတယ်။ဒါကတော့ သားလေးက ပုဆိုးကောင်းကောင်းမဝတ်တတ်သေးဘူးလို့ မီဒီယာတွေမှာ ရယ်ရယ်မောမောဖြေဆိုခဲ့ပါတယ်။
Photo : ခင်ဇာခြည်ကျော်
ခင်ဇာခြည်ကျော်မှာတော့ မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ သားကြီး ဘုန်းမင်းနေလ နဲ့ ချစ်စရာကောင်းတဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားပါတယ်။ သားကြီး ဘုန်းမင်းနေလ ဟာ ပညာရေးမှာလည်း ကြိုးစားနေသလို သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း တတ်နိုင်သလောက် လုပ်နေတာတွေ့ရပါတယ်။