Photo : ချစ်စနိုးဦး
အသက်ကြီးလာတာနဲ့အမျှ မွေးနေ့ဖြတ်သန်းပုံလေး ကွာခြားသွားတာနဲ့ ပတ်သက်ပြီးလည်း ချစ်စနိုးဦးက ယခုလို ပြောထားပါသေးတယ်။
Photo : ချစ်စနိုးဦး
သူမအတွက် မွေးနေ့ဆုတောင်း စကားပြောပေးထားကြတဲ့ သူငယ်ချင်းတွေ ပရိသတ်တွေကိုလည်း ချစ်စနိုးဦးက ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။ ချစ်စနိုးဦးက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေထက် ဖျော်ဖြေရေးတွေ သွားနေရတယ်လို့ သိရပါတယ်။
'' ဇာတ်ကားရိုက်တာတွေက အချိန်လည်း အများကြီးပေးရတယ်။ ရက်တွေလည်း အများကြီးပေးရတယ်။ ပြီးတော့ ကားရိုက်မယ်ဆိုရင် အနားနီးမှ လာချိတ်တယ်။ သီချင်းဆိုတာကကျတော့ အစောကြီးကတည်းက ချိတ်ထားပြီးသားဆိုတော့ မအားတာနဲ့ မလုပ်ဖြစ်ရင်းကနေ လာမငှားကြတော့တာလည်းပါတယ်'' လို့ သူကဆိုပါတယ်။
ချစ်စနိုးဦးဟာ အနုပညာလောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတစ်နေရာ ရရှိထားသူ တစ်ဦးဖြစ်ပြီး အနုပညာသက်တမ်း ကိုးနှစ်မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေကို နားထား ရာကနေ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။