သတိရတဲ့အကြောင်းတွေ ပြောလာပါတယ်။

အလင်းရောင်ကတော့ မိသားစုကို အရမ်းချစ်တတ်သူ တစ်ယောက်ပါတဲ့။ မိဘ နှစ်ပါးကိုလည်း အရင်တုန်းကထက် ပိုပြီး နားလည်တတ်ပြီလို့ဆိုပါတယ်။

photo:A Linn Yaung



အလင်းရောင်ဟာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတာဖြစ်တဲ့အတွက် တစ်ခါတလေမှာ မိသားစုကို သတိရနေတဲ့အကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ်။ 

‘’ကျွန်တော်က မိသားစုနဲ့ ပတ်သက်လာရင် အရမ်းချစ်တတ်တယ်။ ကိုယ်က အနုပညာသမားလည်းဖြစ်တော့ တစ်ခုခုဆိုရင် နည်းနည်း ခံံစားလွယ်တဲ့အထဲမှာ ပါတယ်။ အဖေ နဲ့ကလည်း ၁၀တန်းပြီးလောက်ကတည်းက အဆင်မပြေတာတွေလည်း အများကြီးရှိခဲ့ပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်တဲ့ ‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo :A Linn Yaung

အခုချိန်မှာတော့ အလင်းရောင်က မိဘတွေကို အရင်တုန်းကထက် ပိုပြီးတော့ နားလည်တတ်ပြီလို့ဆိုပါတယ်။ သူဟာ အသက်ကြီးလာတာနဲ့ အမျှ ရင့်ကျက်သူ တစ်ယောက်လည်း ဖြစ်လို့နေပါပြီ။

‘’ အဖေ့အပေါ်ကို အရင်ကတည်းကလည်း နားလည်ပါတယ်။ ဒါပေမယ့် မိဘတွေက အများကြီးကြိုးစားလာခဲ့တာတွေကို အသက်ကြီးလာတော့ ပိုပြီးသိလာတယ်။ အခုချိန်မှာလည်း အမှန်အတိုင်းပြောရရင် တစ်ယောက်တစ်ကွဲစီ နေနေရတာဆိုတော့ သတိရတယ်။ မိသားစုလေး အတူတူပြန်နေရဖို့ကိုလည်း ကြိုးစားနေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: A Linn Yaung

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က