အခုရိုက်ကူးနေတဲ့ ဇာတ်ကားကလည်း သူ့အတွက်တော့ ထူးခြားပါတယ်တဲ့။

ဒေါင်းက သူ့ကို အကြည့်လှတဲ့မင်းသားလို့ခေါ်ရင် စိတ်မဆိုးပါဘူးတဲ့။ လက်ရှိရိုက်ကူးနေတဲ့ ‘’Love Equation’’ ဇာတ်ကားကို လက်ခံရိုက်ကူးဖို့ ဆွဲဆောင်ထားတဲ့အရာရှိသေးတယ်လို့ ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ဒေါင်းကိုတော့ ချစ်တဲ့ပရိသတ်တွေက အကြည့်စူးစူးလေးတွေနဲ့ ညှို့နိုင်လွန်းတဲ့ မင်းသားလို့တောင် တင်စားခေါ်လေ့ရှိကြပါတယ်။ ဒီလို ခေါ်တာကိုလည်း ကြိုက်တယ်လို့ ဒေါင်းက မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။



‘’ အမှန်တိုင်းပြောရရင် လူတစ်ယောက် အနေနဲ့ရော၊ ဘယ်သူ့ကိုမဆို အဲဒီလိုပြောကြရင် ကြိုက်တယ်လေ။ မကြိုက်ဘူးဆိုရင် လိမ်တာပဲ၊ ကျွန်တော်ကတော့ ကြိုက်တယ်။ မျက်လုံးပါရင်တော့ ကြည့်ရမှာပေါ့။ မဟုတ်ရင် မျက်မှန်ကြီးတပ်ပြီး မျက်ကမ်းကြီးတစ်ယောက်လို လျှောက်သွားနေရမှာလား’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။ 

အခုဆိုရင်တော့ ဒေါင်းက သက်မွန်မြင့်၊ ဖွေးဖွေး၊ ခါရာတို့နဲ့ရုပ်ရှင်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ‘’Love Equation’’ လို့ နာမည်ပေးထားတာပါ။ ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖို့အတွက် ဆွဲဆောင်ခဲ့တဲ့ အရာကိုလည်း ဒေါင်းက အခုလို ပြောပြထားပါသေးတယ်။

‘’ကျွန်တော့်ကို ဆွဲဆောင်နိုင်ဆုံးကတော့ မတူအောင်လုပ်ရတဲ့ ကာရိုက်တာပဲ။ ကျွန်တော်မဟုတ်တဲ့အရာကို ကျွန်တော်လုပ်ရတာ အရမ်းကြိုက်တယ်၊ မလိုက်ဘူးထင်တဲ့ အရာကိုလည်း လုပ်ရတာကြိုက်တယ်။ အခုလည်း မတူတဲ့အရာတစ်ခုကို လုပ်ရမှာဆိုတော့ စိတ်ဝင်စားတယ်။ ဒီဇာတ်ကားကလည်း တစ်ခုခုထူးခြားမယ်၊ ပျော်စရာကောင်းမယ်၊ စိတ်ချမ်းသာမယ်၊ ချစ်ခြင်းမေတ္တာတရားတွေကို ရုပ်ရှင်ရုံထဲက ထွက်သွားရရင် ခံစားရမယ့် ခံစားမှုမျိုးဖြစ်လိမ့်မယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့က ‘’Love Equation’’ ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Love equation ရုပ်ရှင်ကားကြီးကို Golden Hour Entertainment ကနေ ထုတ်လုပ်ရိုက်ကူးတာဖြစ်ပါတယ်။ ဒါရိုက်တာ အောင်မြတ်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး သရုပ်ဆောင် ဒေါင်း၊ခါရာ၊ ဖွေးဖွေး နဲ့ သက်မွန်မြင့် တို့က အဓိက ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ်အောက်တိုဘာလ ၂ ရက်နေ့က စပြီး ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ သူ့ကိုတော့ ‘’ပုဂံမြို့သူ’’ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က