ဖရဲသီးပါ ဖုန်းနဲ့ခွဲပြခဲ့ပါတယ်။

Xiaomi ကတော့ 48MP နဲ့ဖုန်းသစ်ကြီးကို သစ်သီးလှီးတဲ့ ခုံအဖြစ် သုံးပြသွားပါတယ်။



         Gorilla Glass 5 မှန်သုံးထားတဲ့ ဒီဖုန်းဟာ ဘယ်လောက်အကြမ်းခံသလဲဆိုတာကို ပြသဖို့Redmi Note brand ရဲ့ CEO လုဝေဘင်းမှ စတန့်ဗွီဒီယိုတစ်ခု တင်ခဲ့တာပါ။ ထူးခြားတာက ဖုန်းမှန်အကြမ်းခံကြောင်းကို drop test တွေ ၊ scratch test တွေ မလုပ်ဘဲ ဖုန်း display ပေါ် ကီဝီသီး ၊ ငှက်ပျောသီးနဲ့ပန်းသီးတွေကို ဓါးနဲ့လှီးပြခဲ့တာ ဖြစ်ပါတယ်။

         ပိုပြီး ကြမ်းတာတစ်ခုက နောက်ထပ် ဗွီဒီယိုဖိုင်တစ်ခုမှာ ဖုန်းမှန်ပြင်နဲ့ဖရီးသီးကို ရိုက်ခွဲပြတာ ပါဝင်လာပါတယ်။ Redmi Note 7 ရဲ့ performance ဘယ်လောက်ကောင်းသလဲ မသိရပေမယ့် အကြမ်းခံကြောင်း စတန့်ထွင်တာကြီးကတော့ လန့်လောက်ပါတယ်။

         Redmi Note 7 ဟာ အကြမ်းခံနှုန်း မြင့်တဲ့ Gorilla Glass 5 မှန် အုပ်ထားတဲ့အပြင် glass body ဖုန်းပါ။ ဒီမှန်ရဲ့ အပေါ်မှာတောင် ဝ.၈ မီလီမီတာ ထူတဲ့ မှန်တစ်ထပ်ကို ရှေ့ရော နောက်ပါ အုပ်ထားလို့အတော်လေး အကြမ်းခံမှာ သေချာသလောက် ရှိပါတယ်။ နောက်တစ်ခုက Xiaomi အနေနဲ့Redmi Note 7 ကို လှေကားပေါ်က ပစ်ချတာတို့၊ စကိတ်လိုမျိုး တက်စီးတာတို့အထိ မျိုးစုံ စမ်းသပ်ထားလို့ဒီဖုန်းရဲ့ durability က လေးစားစရာပါ။

         Xiaomi ကတော့ ဒီဖုန်းရဲ့ မှန်ပြင် အကြမ်းခံမှုမှာ တစ်ခြားဖုန်းတွေထက် ၄ ဆပို မာတယ်လို့ပြောထားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ Xiaomi ရဲ့ CEO Lei Jun ဟာ ဒီဖုန်းရဲ့ ရေစိုခံမှုကို သရုပ်ပြတဲ့ ဗွီဒီယိုတစ်ခု တင်ခဲ့သေးတယ်။ တစ်ခုရှိတာက ဖုန်းမိတ်ဆက်ချိန်မှာ တရားဝင် IP Rating ဘယ်လောက်ရှိသလဲ မကြေငြာခဲ့ပါဘူး။



         ဘာပဲဖြစ်ဖြစ် မြန်မာငွေ ၃ သိန်း ဝန်းကျင်ဈေးနဲ့အလတ်တန်းစား processor ၊ တောက်ပသားနားတဲ့ ဒီဇိုင်း ၊ 48MP ကင်မရာ ပါဝင်တဲ့ ကျောဘက် dual cameras အပြင် အကြီးစား 4000 mAh ဘက်ထရီသုံးထားတဲ့ ဒီဖုုန်းကတော့ စိတ်လှုပ်ရှားစရာ အတိပြည့်နေပါတယ်။ 

Share

Loading Next Article...
က္က