ပုံမှန်စမတ်ဖုန်းလောက်တောင် အကြမ်းမခံပါဘူး

Foldable glass display ကို ပထမဆုံး သုံးလာတဲ့ Galaxy Z Flip ဟာ ကုမ္ပဏီက ကြေညာထားသလောက် အကြမ်းမခံဘူးလို့ Durability Test တစ်ခုက သက်သေပြထားပါတယ်။

JerryRigEverythings ဟာ Samsung ရဲ့ အသစ်ထွက်လာတဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းသစ် ဘယ်လောက် အကြမ်းခံသလဲဆိုတာကို သရုပ်ပြ စမ်းသပ်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယမျိုးဆက် Galaxy Z Flip ဟာ ပလတ်စတစ် screen ထက် ပိုပြီး အကြမ်းခံတဲ့ Ultra Thin Glass မှန်ကို သုံးလာခဲ့တာပါ။



ပလတ်စတစ် screen ဟာ လက်သည်းနဲ့ ခြစ်မိတာနဲ့ အစင်းထင်နိုင်တဲ့ ပြဿနာ ရှိပြီး Ultra Thin Glass ကတော့ ပိုပြီး အကြမ်းခံမယ်လို့ ဆိုပါတယ်။ JerryRigEverythings ဟာ ပုံမှန်အတိုင်း မှန်ကို ဓါး ၊ ဝက်အူနဲ့ခြစ်တာတွေ လုပ်ခဲ့ပါတယ်။ scratch test မှာ ခေတ်ပေါ် modern စမတ်ဖုန်းတွေဟာ level 6 အထိ ခံနိုင်ရည် ရှိတာပါ။

Z Flip ကတော့ Level 2 အဆင့်မှာ စပြီး ပျက်စီးလာပြီး level 3 အဆင့်မှာ ပိုပြီး သိသာလာတယ်လို့ ဆိုပါတယ်။ ဒါဟာ Galaxy Fold နဲ့ Motorola Razr ဖုန်းတို့လို ပလတ်စတစ်သုံး display တွေကို စမ်းသပ်ခဲ့တဲ့ အဆင့်မှာပဲ ရှိသေးတာပါ။ ပြောရရင် Galaxy Z Flip ဟာ နေ့စဉ် အသုံးပြုမှုမှာ လွယ်လွယ်နဲ့ အစင်းခြစ်ရာ ထင်နိုင်တယ်ဆိုတာပါပဲ။

Photo: Engadget

JerryRigEverything ရဲ့ reviewer ဇက်ခ်နယ်လ်ဆင်ကတော့ Samsung ဟာ တကယ့် မှန်စစ်စစ် သုံးတာ မဟုတ်ဘဲ မှန်နဲ့ ပိုလီမာစပ်ထားတဲ့ ပစ္စည်းတစ်မျိုး သုံးထားတာ ဖြစ်ဖို့ ရှိတယ်လို့ ခန့်မှန်းပါတယ်။ Samsung ဟာ Z Flip ဝယ်သူတွေအနေနဲ့ display တစ်ခုကို ၁၁၉ ဒေါ်လာနဲ့ လဲနိုင်မယ်လို့ ကြေညာထားပါတယ်။

Samsung ဟာ ပထမမျိုးဆက် ခေါက်သိမ်းနိုင် စမတ်ဖုန်း Galaxy Fold မှာလည်း foldable screen ပြဿနာ ကြုံခဲ့ပြီး ဈေးကွက်ဝင် နောက်ကျခဲ့ပါတယ်။ Galaxy Fold ထက် ဈေးပိုသက်သာတဲ့ Galaxy Z Flip ဟာ ဒေါ်လာ ၁၃၈၀ ဈေးနဲ့ စတင်ရောင်းချနေပါတယ်။

Share

Loading Next Article...
က္က