နိုင်းနိုင်း နဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံက ဒီနေ့(ဇန်နဝါရီလ ၉) ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁၁ နှစ်ပြည့်ခဲ့ပါပြီ။ ဒီ့အတွက်လည်း သူ့ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဇနီးအပေါ်ထားတဲ့ ခံစားချက်တွေကိုလည်း အခုလို ရင်ဖွင့်ပြောပြလာပါတယ်။
Photo: 99
သရုပ်ဆောင် နိုင်းနိုင်းနဲ့ ဇနီးချော စန္ဒီချို တို့ဟာ ဒီနေ့(ဇန်နဝါရီလ ၉ ) ရက်နေ့မှာပဲ မင်္ဂလာသက်တမ်း ၁၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ နောက်ထပ် အမှတ်တရ တစ်ခုကတော့ ဒီနေ့ဟာ နိုင်းနိုင်းရဲ့ ဇနီး စန္ဒီချို ရဲ့ မွေးနေ့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
''Happy birthday my baby girl Emerida and Happy Birthday My wife. ၉ရက် ဇန်နဝါရီ ဟာ မွေးနေ့ ဖြစ်သလို ၁၁နှစ်ပြည့် Anniversary လည်းဖြစ်ပါတယ်။ စန္ဒီရဲ့မွေးနေ့မှာ ငါတို့ ရဲ့ ဘဝ သမုဒ္ဒရာကို အတူတူဖြတ်ဖို့လက်မှတ်ရေးထိုးခဲ့ကြတယ်။ လေပြေ လေညှင်း နဲ့ သာယာတဲ့နေ့တွေရှိသလို မုန်တိုင်းတွေလည်းရှိခဲ့တယ်။ ဒါပေမယ့် ငါတို့ရဲ့ မိသားစုလှေကလေးကို ထိန်းပြီး ဖြတ်ကျော်လာခဲ့တာ ၁၁နှစ်ပြည့်ခဲ့ပါပြီ။ ဘယ်အချိန် ဘယ်နေရာသေမယ်မှန်းမသိတဲ့ ငါ့အတွက်တော့ နေ့ရက်တိုင်းဟာ Valentine ပါ။ ငါ့အသက်နှင့်ခန္ဓာမြဲနေသ၍ မိသားစုလှေကလေးနဲ့ အတူရှိနေမယ်ဆိုတာ My Family Life is My SOUL'' ဆိုပြီးတော့ ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။
Photo: 99
၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှု တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက် ရှိပါတယ်။
Photo: 99
နိုင်းနိုင်းက မြန်မာနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆောင်ရွက်နေတာဖြစ်သလို အမေရိက နိုင်ငံ New York မြို့မှာရှိတဲ့ မိသားစုတွေကိုလည်း အချိန်ရရင် ရသလို သွား ရောက်နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး ကြည်နူးမှုတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ မိသားစုလေးကို အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။
Photo: 99
နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချိုနဲ့ သူတို့ရဲ့သားသမီး ၄ ဦးဟာ အမေရိကမှာရှိနေပြီး နိုင်းနိုင်းကတော့ ဇာတ်ကားတွေ ရိုက်စရာရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ရှိနေရတာပါ။ နိုင်းနိုင်းဟာ အနုပညာအလုပ်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် မိသားစုဆီကို တစ်နှစ်ကို နှစ်ခေါက်သာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။