ဖားကန့် ဝှေခါမှော်ပြိုကျမှုမှာပါပြီး သေဆုံးသွားခဲ့တဲ့ ဆယ်တန်းကျောင်းသားဟာ ဒီကနေ့ (သြဂုတ်လ ၉ ရက်) ထွက်ရှိတဲ့ ဆယ်တန်းအောင်စာရင်းမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
သူဟာ ရမည်းသင်းမြို့နယ်ဇာတိဖြစ်ပြီး ၊ရမည်းသင်းမှာပဲ ဆယ်တန်းကို ဖြေဆိုခဲ့တာဖြစ်တယ်လို့ ဝှေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းကပြောပါတယ်။ "ဆယ်တန်းအောင်တယ် ဟုတ်ပါတယ်။ဒီမှာက ကလေးနေတဲ့ ရမည်းသင်းက ဆရာတော်တစ်ပါးက ကျောင်းထိုင်တယ်။ ဒီကို လာလည်ရင်း ူညီရင်းနဲ့ ကျင်းထဲသွား ကျင်းတူးရာကနေ ပါသွားတာပေါ့။ကလေးက ကံဆိုးတဲ့အထဲပါသွားခဲ့တာပါ။ "လို့ ဆိုပါတယ်။
မောင်စိုးသူအောင်ဆိုတဲ့ ကျောင်းသားလေးဟာ ဒီနှစ် တက္ကသိုလ်ဝင်ဆယ်တန်းစာမေးပွဲကို ရိုရိုး(D) အောင်မြင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ဖားကန့် ဝှေခါမှော်မြေပြို မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမြေပြိုမှုမှာ လူပေါင်း ၁၆၀ ကျော်သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူက ၇၀ ကျော်ရှိခဲ့ပါတယ်။
(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)