လူသေဆုံးမှုရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မမုံကျေးရွာနဲ့ မက်လင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်ထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးရဲတပ်ရင်းတို့အကြားမှာ စက်တင်ဘာ ၅ ရက်နေ့က ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

 

3.jpg

Photo - VOA

 

ကျောက်တူးသူတွေကို တပ်မ ၃၃ နဲ့ လုပ်ကွက်လုံခြုံရေးရဲတပ်ရင်းတို့ကဖမ်းဆီးလိုက်ပြီးတော့ ကျောက်စိမ်းတူးဖော်နေတဲ့ ဘတ်ဟိုး ၈ စီးနဲ့ စက်ပျက်နေတဲ့ မြေသယ်ကား ၁ စီးတို့ကို တပ်မတော်အင်အား နှစ်ဆယ်လောက်နဲ့ လုံခြုံရေးအင်အား ၁၅ ဦးတို့က ပူးပေါင်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“ဖားကန့်မှာ ဖြစ်တာက သတင်းက အတည်ပြုတုန်းပါပဲ။ လောလောဆယ်ကတော့ ရေမဆေးနဲ့ဖြစ်တာက ဖြစ်နေကျတိုင်းပဲမဝင်ရတဲ့နေရာကို ဝင်ကြတယ်။ ရဲတပ်ရင်းနဲ့ ဖြစ်ကြတာပါ။ အမြဲတမ်းလိုလိုဖြစ်နေကြတာပါပဲ။ သတင်းကတော့ အတည်ပြုလို့ မရသေးလို့ပါ။ ခဏခဏ ဒီလိုမျိုးရှင်းရတာတွေလည်းရှိပါတယ် ” လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံက မှုခင်းတာဝန်ခံက Duwun ရဲ့မေးမြန်းမှုကို စက်တင်ဘာ ၆ ရက်နေ့က ဖြေကြားခဲ့ပါတယ်။

အဲ့ဒီလိုဖြစ်ပွားတဲ့နေရာက ရတနာတောင်တန်းကုမ္ပဏီရဲ့ သက်တမ်းကုန်နေတဲ့ လုပ်ကွက်ဟောင်းဖြစ်ပြီးတော့ အဲ့ဒီလုပ်ကွက်အနီးကပဲ ၂၀၁၆ ခုနှစ်မှာ တန် ၃၀၀ ကျော်ရှိတဲ့ အရည်အသွေးမြင့်ကျောက်စိမ်းတုံးကို တူးဖော်ရရှိခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က