၅ နိုင်ငံမှာ လာဘ်ပေးမှု လုပ်ခဲ့ပါတယ်

ဆွီဒင်တယ်လီကွန်းလုပ်ငန်းကြီး ဖြစ်တဲ့ Ericsson ဟာ နိုင်ငံ ၅ နိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ကြေညာထားပါတယ်။

Ericsson ဟာ တယ်လီကွန်းစီးပွားရေးလုပ်ငန်းခိုင်မာဖို့အတွက် တရုတ် ၊ ဒီဂျီဘောတီ ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်တို့မှာ တစ်နှစ်တာ ကြာမြင့်တဲ့ အကျင့်ပျက်ခြစားမှု ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ ဝန်ခံထားကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။ ဒီသတင်းမှာပဲ Ericsson ဟာ နယူးယော့တရားရုံးမှာလည်း ရာဇဝတ်မှုနဲ့ ဆက်စပ်ပြီး တရားရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

Photo: Reuters


Ericsson ပေါ် ဒဏ်တပ်မှုဟာ နိုင်ငံခြား အကျင့်ပျက်ခြစားမှုအက်ဥပဒေ (FCPA) အရ အမြင့်ဆုံး ဒဏ်ရိုက်မှုတွေထဲက တစ်ခု ဖြစ်ဖို့ ရှိပါတယ်။ အခုလို ဒဏ်ရိုက်ခံရမှုကြောင့် Ericsson ဟာ အမေရိကန်တရားရေးဌာနကို ရာဇဝတ်မှုငွေဒဏ် ဒေါ်လာသန်း ၅၂၀.၆ နဲ့ လုံခြုံရေးနဲ့ အိတ်ချိန်းကော်မရှင် SEC ကို ဒေါ်လာ ၅၃၉.၉ သန်း ပေးရမှာပါ။

FCPA အက်ဥပဒေအရ Ericsson ဟာ ဖောက်သည်ရဖို့ အာဏာပိုင်တွေကို လာဘ်ထိုးတာ ၊ မှတ်တမ်းမှတ်ရာတွေ အလိမ်အညာလုပ်တာနဲ့ ဆီလျော်တဲ့ အကောင့်ထိန်းချုပ်မှု သုံးဖို့ ပျက်ကွက်တာတွေကို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ SEC ကတော့ Ericsson ကို ၂၀၁၁ ခုနှစ်စက ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လာဘ်ပေးမှုတွေကြောင့် Ericsson ကို တရားစွဲခဲ့တာပါ။

ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ကွန်ရက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ Ericsson ဟာ အမေရိကန်အစိုးရရဲ့ အရှိန်မြင့်လာတဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ ဒဏ်ရိုက်ခံရမှုအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အနေနဲ့ ဒေါ်လာ ၁.၂ ဘီလျံ အရန်သင့်လုပ်ထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က