နည်းပြလမ်းပတ်အနေနဲ့ လာမယ့်အပြောင်းအရွှေ့စျေးကွက်ကာလအတွင်း ကစားသမားသစ်အများစုကိုခေါ် ယူဖို့ ပြင်ဆင်နေပြီး လုံလောက်တဲ့အသုံးစရိတ်တစ်ရပ်လည်း ရရှိထားပြီးဖြစ် ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ အခုနှစ်ဘောလုံးရာသီကုန်တွင် ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ပက်ဒရို၊ ဝီလျံတို့နှစ်ဦး လုံးကို သေချာပေါက်လက်လွှတ်ရဖို့ရှိနေခဲ့ပြီဖြစ်တယ်လို့ အသင်းနည်းပြလမ်းပတ်ရဲ့မှတ်ချက်ကို Metro.com က ကိုးကားဖော်ပြလာပါတယ်။
ပက်ဒရိုအနေနဲ့အစောပိုင်းကာလကတည်းက ချဲလ်ဆီးအသင်းကနေထွက်ခွာတော့မယ့် အတည်ပြုပြီးဖြစ်ပေမ ယ့် ဝီလျံကတော့ စာချုပ်သစ်အတွက်ညှိနှိုင်းမှုအဆင်မပြေခဲ့ခြင်းကြောင့်ဖြစ်ပြီး ၂နှစ်သက်တမ်းရှိစာချုပ်သစ်တစ် ရပ်ကို လက်မခံတဲ့အတွက် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ရှိနေခဲ့တာပါ။
“ ပက်ဒရိုကိုတော့ လက်လွှတ်ရမှာပါ။ ဝီလျံကိုလည်း လက်လွှတ်ရဖို့က ရှိနေပြန်ပါတယ်။ ဒါပေမဲ့စိုးရိမ်စရာတော့ မရှိပါဘူး။ လူငယ်တွေအသင့်ရှိနေသလို ဘဏ္ဍာရေးဘက်ဂျက်က အခိုင်အမာရှိနေတဲ့အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ယုံကြည်ပါတယ် ” လို့ နည်းပြလမ်းပတ်က ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကစားသမားနှစ်ဦးလုံးက တစ်စုံတစ်ရာအတည်ပြုတုံ့ပြန်ခြင်းမရှိသေးသော်လည် း ပက်ဒရိုအနေနဲ့ လာလီဂါပြန်လည်ပြောင်းရွှေ့လိုနေပြီး ဝီလျံကိုတော့ ဘာစီလိုနာ၊ စပါး၊ အဲဗာတန်အသင်းတို့ က စိတ်ဝင်စားနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။
အဓိကဝါရင့်တောင်ပံကစားသမားနှစ်ဦးကို တပြိုင်တည်းလက်လွှတ်ရမယ့် ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာ သီဝက်အပြောင်းအရွှေ့တွင် အေဂျက်ဇ်တောင်ပံကစားသမားဇီယက်ဇ်ကို ခေါ်ယူထားပြီးဖြစ်တဲ့အတွက် နည်းပြ လမ်းပတ်အနေနဲ့ အနာဂတ်ကာလတွင် ပူလီဆစ်၊ ဟက်ဆန်အော့ဒွိုင်းစ်၊ မေဆန်မောင့်တို့ကို ပိုပြီးအခွင့်အရေး ပေးဖို့ရှိနေတာလည်းဖြစ်ပါတယ်။